[Unicode]

အသီးအနှံတွေကိုစားသုံးတဲ့အခါမှာ တော်တော်များများ အခက်ကြုံလေ့ရှိတဲ့အချက်လေးတွေပေါ်မူတည်ပြီး သိထားသင့်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီအချက်လေးတွေကိုသိထားမယ်ဆိုရင်တော့ ဘယ်လိုနေရာမျိုးပဲရောက်ရောက် ဘာပြဿနာမှမရှိတော့ဘူးနော်။

ဖရဲသီးစားဖို့ အစိတ်လေးတွေလှီးတဲ့အခါမှာ ဓားမရှိဘူးဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတာကို ထွေထွေထူးထူးစဉ်းစားနေစရာမလိုပါဘူး။ အပ်ချည်ကြိုးရှိနေရပါပြီ။ အပ်ချည်ကြိုးနဲ့ဖရဲသီးကို စိတ်လို့ရပါတယ်။

Source: www.youtube.com

ထောပတ်သီးခွဲတဲ့အခါမှာလည်း အစေ့ထုတ်ဖို့ခက်ခဲနေရင် ထောပတ်သီးကို သေချာကိုင်ထားပြီး ဓားနဲ့ ပတ်ပတ်လည်ကိုအရာပေးပြီး လှီးလိုက်ပါ။ ဒါဆိုရင်တော့ ထောပတ်သီးအစိတ်တွေကို လက်နဲ့အသာလေးဆွဲထုတ်လိုက်ရုံပါပဲ။ အစေ့လည်းလွယ်လွယ်နဲ့ထုတ်လို့ရသွားတာကို တွေ့၇မှာပါ။

Source: www.youtube.com

စတော်ဘယ်ရီသီးက အလယ်အူတိုင်နဲ့ သူ့ထိပ်ကအရွက်လေးကိုဖယ်မယ်ဆိုရင် ပိုက်ကိုအသုံးပြုပေးပါ။ စတော်ဘယ်ရီသီးကို အလယ်ကနေပိုက်လေးထိုးထည့်လိုက်မယ်ဆိုရင်တော့ အူတိုင်နဲ့ အရွက်ပါ တစ်ခါထဲပါသွားမှာပါ။

Source: www.youtube.com

သံပုယိုသီးကို အရည်ညှစ်တဲ့အခါမှာလည်း နောက်တစ်ခါပြန်သုံးချင်တယ်ဆိုရင် တစ်ခြမ်းမခြမ်းလိုက်ပါနဲ့။ သံပုယိုသီးကို သွားကြားထိုးတံလေးနဲ့တိုးပြီး ပေါက်သွားတဲ့အခါမှာတော့ ကိုယ်လိုသလောက်ပဲ အရည်ညှစ်လိုက်ပါ။ ဒါဆိုရင်တော့ နောက်တစ်ခေါက်ပြန်သုံးလို့ရသွားတာပေါ့။

Source: www.youtube.com

ငရုပ်သီးတောင့်အကြီးကြီးတွေကို စားချင်ပေမယ့် စပ်မှာကြောက်နေရင်တော့ ငရုပ်သီးတောင့်အကြီးကို ထိပ်ပိုင်းလှီးချလိုက်ပါ။ ပြီးရင်တော့ အထဲကအစေ့တွေအကုန်ထွက်သွားအောင် ခါချလိုက်ပါ။ အထဲကအစေ့တွေကုန်သွားမှ လှီးပြီးစားမယ်ဆိုရင်တော့ လုံးဝစပ်တော့မှာမဟုတ်ဘူးနော်။

Source: www.youtube.com

Featured Image Source: yesofcorsa.com

[Zawgyi]

အသီးအႏွံေတြကိုစားသံုးတဲ့အခါမွာ ေတာ္ေတာ္မ်ားမ်ား အခက္ႀကံဳေလ့ရွိတဲ့အခ်က္ေလးေတြေပၚမူတည္ၿပီး သိထားသင့္တာေလးေတြကို မွ်ေ၀ေပးလိုက္ပါတယ္။ ဒီအခ်က္ေလးေတြကိုသိထားမယ္ဆိုရင္ေတာ့ ဘယ္လိုေနရာမ်ိဳးပဲေရာက္ေရာက္ ဘာျပႆနာမွမရွိေတာ့ဘူးေနာ္။

ဖရဲသီးစားဖို႔ အစိတ္ေလးေတြလွီးတဲ့အခါမွာ ဓားမရွိဘူးဆိုရင္ ဘယ္လိုလုပ္ရမလဲဆိုတာကို ေထြေထြထူးထူးစဥ္းစားေနစရာမလိုပါဘူး။ အပ္ခ်ည္ႀကိဳးရွိေနရပါၿပီ။ အပ္ခ်ည္ႀကိဳးနဲ႔ဖရဲသီးကို စိတ္လို႔ရပါတယ္။

Source: www.youtube.com

ေထာပတ္သီးခဲြတဲ့အခါမွာလည္း အေစ့ထုတ္ဖို႔ခက္ခဲေနရင္ ေထာပတ္သီးကို ေသခ်ာကိုင္ထားၿပီး ဓားနဲ႔ ပတ္ပတ္လည္ကိုအရာေပးၿပီး လွီးလိုက္ပါ။ ဒါဆိုရင္ေတာ့ ေထာပတ္သီးအစိတ္ေတြကို လက္နဲ႔အသာေလးဆဲြထုတ္လိုက္ရံုပါပဲ။ အေစ့လည္းလြယ္လြယ္နဲ႔ထုတ္လို႔ရသြားတာကို ေတြ႔၇မွာပါ။

Source: www.youtube.com

စေတာ္ဘယ္ရီသီးက အလယ္အူတိုင္နဲ႔ သူ႔ထိပ္ကအရြက္ေလးကိုဖယ္မယ္ဆိုရင္ ပိုက္ကိုအသံုးျပဳေပးပါ။ စေတာ္ဘယ္ရီသီးကို အလယ္ကေနပိုက္ေလးထိုးထည့္လိုက္မယ္ဆိုရင္ေတာ့ အူတိုင္နဲ႔ အရြက္ပါ တစ္ခါထဲပါသြားမွာပါ။

Source: www.youtube.com

သံပုယိုသီးကို အရည္ညွစ္တဲ့အခါမွာလည္း ေနာက္တစ္ခါျပန္သံုးခ်င္တယ္ဆိုရင္ တစ္ျခမ္းမျခမ္းလိုက္ပါနဲ႔။ သံပုယိုသီးကို သြားၾကားထိုးတံေလးနဲ႔တိုးၿပီး ေပါက္သြားတဲ့အခါမွာေတာ့ ကိုယ္လိုသေလာက္ပဲ အရည္ညွစ္လိုက္ပါ။ ဒါဆိုရင္ေတာ့ ေနာက္တစ္ေခါက္ျပန္သံုးလို႔ရသြားတာေပါ့။

Source: www.youtube.com

ငရုပ္သီးေတာင့္အႀကီးႀကီးေတြကို စားခ်င္ေပမယ့္ စပ္မွာေၾကာက္ေနရင္ေတာ့ ငရုပ္သီးေတာင့္အႀကီးကို ထိပ္ပိုင္းလွီးခ်လိုက္ပါ။ ၿပီးရင္ေတာ့ အထဲကအေစ့ေတြအကုန္ထြက္သြားေအာင္ ခါခ်လိုက္ပါ။ အထဲကအေစ့ေတြကုန္သြားမွ လွီးၿပီးစားမယ္ဆိုရင္ေတာ့ လံုး၀စပ္ေတာ့မွာမဟုတ္ဘူးေနာ္။

Source: www.youtube.com

Featured Image Source: yesofcorsa.com