ကင်ဆာရောဂါက နှစ်စဉ်လူပေါင်းများစွာရဲ့ အသက်တွေကို နုတ်ယူနေတဲ့ ရောဂါကြီးပါတယ်။ ဒါ့ကြောင့် ကင်ဆာမဖြစ်ခင်ကတည်းက ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ အသီးအနှံတွေ စားပေးသင့်ပါတယ်။

စပျစ်သီး

စပျစ်သီးက ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ အသီးအနှံတစ်မျိုးပါ။ Resveratrol ဆိုတဲ့ သဘာ၀ ကွန်ပေါင်းတစ်ခုပါဝင်ပြီး အနီရောင်နဲ့အမည်းရောင် စပျစ်သီးတွေမှာဘဲ တွေ့ရှိရတာပါ။

အဲ့ဒီကွန်ပေါင်းက အစာအိမ်ဟောင်းကင်ဆာဆဲလ်တွေကို ကာကွယ်ပေးနိုင်ပါတယ်။

အဲ့ဒီအပြင် ကင်ဆာဆဲလ်တွေကိုဖြစ်စေတဲ့ Ornithine Decarboxylase အင်ဇိုင်းတွေကို ထွက်ရှိမှုကို လျော့ချပေးနိုင်ပါတယ်။

အဲ့ဒီအပြင် ဆီးအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ ကျန်းမာရေးနဲ့သင့်တော်တဲ့ အဆီဓာတ်တွေပါဝင်ပြီး Antioxidant Gluten တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

အဲ့ဒီ Antioxidant Gluten က လူသားတွေရဲ့ DNA ကို ထိခိုက်စေပြီး ကင်ဆာဖြစ်စေတတ်တဲ့ Free Radicals တွေကို ဖျက်ဆီးဖယ်ရှားပေးပါတယ်။

ထောပတ်သီးမှာပါဝင်တဲ့ Carotenoids ဓာတ်တွေက ရင်သားကင်ဆာ၊ ဆီးအိမ်နဲ့ ခံတွင်းကင်ဆာတွေကို ကာကွယ်ပေးပါတယ်။

နာနတ်သီး

နာနတ်သီးမှာ Bromelain အင်ဇိုင်းပါဝင်ပြီး ကင်ဆာဆဲလ်တွေကို သေစေနိုင်ကာကျန်းမာတဲ့ ဆဲလ်တွေကို သန်စွမ်းစေပါတယ်။

Bromelain ဓာတ်က နာကျင်တာတွေကို ကုသပေးနိုင်တာကြောင့် အစစ်အမြစ် ကိုက်ခဲသူတွေအတွက်လည်း ကောင်းမွန်ပါတယ်။