အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အရသာတစ်မျိုးနဲ့ စားလို့ကောင်းတဲ့ အာလူးကြော်ပြုလုပ်နည်းတစ်မျိုးကို မျှဝေပေးချင်ပါတယ်။ ဘယ်လိုနည်းလမ်းလေးဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်နော်။
ပါဝင်ပစ္စည်း
- အာလူး (၃) လုံး
- ငရုတ်သီးအစိမ်း ၂ တောင့်
- နံနံပင်အနည်းငယ်
- ငရုတ်သီးမှုန့် အနည်းငယ်
- နနွင်းမှုန့် အနည်းငယ်
- နံနံစေ့အှုန့်အနည်းငယ်
- ဇီရာမှုန့်အနည်းငယ်
- မာဆလာမှုန့်အနည်းငယ်
- ဆီ
- ဆား
ပြုလုပ်နည်း
အရင်ဆုံးအာလူးကို အခွံနွှာရေအတုံးလေးတွေလှီးပြီးရေသေချာဆေးပေးလိုက်ပါ။
ပြီးရင်တော့ ဆီပူပူနဲ့ကြော်ပေးလိုက်ပါ။
အာလူးနူးပြီဆိုရင်တော့ ငရုတ်သီးစိမ်းနဲ့ ဆားထည့်လိုက်ပါ။
အာလူးအညိုရောင်သန်းလာပြီဆိုရင်တော့ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ နံနံစေ့မှုန့်၊ ဇီရာစေ့မှုန့်၊ မာဆလာတို့ကို ထည့်လိုက်ပြီး မွှေပေးလိုက်ပါ။
ဆီးလေးခြောက်အောင်ကြော်လိုက်ရင်ရပါပြီနော်။
ပူပူလေးသုံးဆောင်နိုင်ပါတယ်။
Source: www.tasty-indian-recipes.com
By: MyFood Myanmar