အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အရသာတစ်မျိုးနဲ့ စားလို့ကောင်းတဲ့ အာလူးကြော်ပြုလုပ်နည်းတစ်မျိုးကို မျှဝေပေးချင်ပါတယ်။ ဘယ်လိုနည်းလမ်းလေးဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

ပါဝင်ပစ္စည်း

  • အာလူး (၃) လုံး
  • ငရုတ်သီးအစိမ်း ၂ တောင့်
  • နံနံပင်အနည်းငယ်
  • ငရုတ်သီးမှုန့် အနည်းငယ်
  • နနွင်းမှုန့် အနည်းငယ်

  • နံနံစေ့အှုန့်အနည်းငယ်
  • ဇီရာမှုန့်အနည်းငယ်
  • မာဆလာမှုန့်အနည်းငယ်
  • ဆီ
  • ဆား

ပြုလုပ်နည်း

အရင်ဆုံးအာလူးကို အခွံနွှာရေအတုံးလေးတွေလှီးပြီးရေသေချာဆေးပေးလိုက်ပါ။

ပြီးရင်တော့ ဆီပူပူနဲ့ကြော်ပေးလိုက်ပါ။

အာလူးနူးပြီဆိုရင်တော့ ငရုတ်သီးစိမ်းနဲ့ ဆားထည့်လိုက်ပါ။

အာလူးအညိုရောင်သန်းလာပြီဆိုရင်တော့ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ နံနံစေ့မှုန့်၊ ဇီရာစေ့မှုန့်၊ မာဆလာတို့ကို ထည့်လိုက်ပြီး မွှေပေးလိုက်ပါ။

ဆီးလေးခြောက်အောင်ကြော်လိုက်ရင်ရပါပြီနော်။

ပူပူလေးသုံးဆောင်နိုင်ပါတယ်။

Source: www.tasty-indian-recipes.com

By: MyFood Myanmar