အားလုံးသိပြီးကြပြီဖြစ်တဲ့ Gloria Jean’s ကော်ဖီဆိုင်ဟာ နိုင်ငံတကာအတိုင်းအတာအရ နာမည်ကြီးပြီး ဈေးကွက်ရှိပြီးသား Brand တစ်ခုလည်းဖြစ်တဲ့အပြင် ကမ္ဘာအရပ်ရပ်မှာလည်း ဆိုင်ခွဲပေါင်း ၁၀၀၀ ကျော်ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ Gloria Jean’s ကို၂၀၁၆ ခုနှစ်လောက်က မြန်မာပလာဇာမှာပထမဦးဆုံးဆိုင်အဖြစ် ကော်ဖီချစ်သူတွေကို စတင်မိတ်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။

ယခုဆို မြန်မာနိုင်ငံမှာပဲ ဆိုင်ခွဲပေါင်း၅ဆိုင်ရှိနှင့်ပြီး (၆) ဆိုင်မြောက်ကိုတော့ ဓမ္မစေတီလမ်းရှိ အသစ်ဖွင့်လှစ်ထားသော The Times Link Mall မှာ မတ်လ ၁၇ ရက်နေ့ နေ့လည် ၂ နာရီကနေ ၅ နာရီအထိ ဆိုင်ခွဲအသစ်ဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး တာဝန်ရှိသူများ၊ မီဒီယာများ၊ အားပေးကြသော ဧည့်သည်တော်များနဲ့ စည်စည်ကားကားကျင်းပခဲ့ပါတယ်။

ကော်ဖီဆိုင်တစ်ခုနဲ့တစ်ခုမှာ ရရှိနိုင်တဲ့ Vibe ကမတူညီသလို Gloria Jean’s ခြောက်ဆိုင်မြောက် အခွဲဟာဆိုရင်လည်း Cozy ဖြစ်တဲ့အတွက် ကော်ဖီကောင်းကောင်းသောက်ပြီး အလုပ်အကြောင်းဆွေးနွေးချင်လို့ပဲဖြစ်ဖြစ် အေးအေးဆေးဆေးတစ်ယောက်ထဲ Wifi လေးသုံးပြီး နှပ်ချင်လို့ပဲဖြစ်ဖြစ် သူငယ်ချင်း ဒါမှမဟုတ် ချစ်သူနဲ့စကားပြောချင်ရင်ပဲဖြစ်ဖြစ် အဆင်ပြေပြေထိုင်နိုင်မယ့် နေရာလေးဖြစ်ပါတယ်။

ကော်ဖီကိုရှုးသွပ်သူတွေအတွက်ကတော့ ကွာလတီမှီတဲ့အရသာအစစ်ကို ခံစားနိုင်မယ့်အပြင် အစားအသောက်မှာမယ်ဆိုလည်း Main Course မှအစ Dessert အထိရှိလို့ စိတ်ကြိုက်စားသောက်နိုင်ပါတယ်။ ကော်ဖီကိုမသောက်ချင်ဘူးဆိုရင်လည်း Drinks နဲ့ပတ်သက်ပြီး ရွေးချယ်စရာအများကြီးရှိလို့ အကြိုက်မတူတဲ့သူတိုင်းအတွက် အဆင်ပြေမှာပါ။

Gloria Jean’s ကို အမြဲအားပေးနေတဲ့ Customers ဧည့်သည်တွေအတွက် အဆင်ပြေပြေနဲ့ သွားလေရာတိုင်းမှာ လွယ်ကူစွာသောက်သုံးနိုင်အောင် Gloria Jean’s မှ ကော်ဖီဆိုင်ခွဲတွေကို အထင်ကရနေရာများဖြစ်တဲ့ Myanmar Plaza၊ Junction City၊ Junction Square၊ Star City၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ၇၆ မိုင်တို့မှာ ဖွင့်လှစ်ပေးထားပါတယ်။ မန္တလေးမြို့ရှိ Mingalar Mandalay မှာလည်း ဆိုင်ခွဲထပ်ဖွင့်ဖို့ အစီအစဉ်တွေရှိသေးလို့ ဆက်ပြီးအားပေးကြပါဦးနော်။ ဒါ့အပြင် Royal Customers တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ Gloria Jean’s Coffees Reward Mobile App ကိုလည်း၂၀၁၈ မေလအကုန်မှာ လုပ်ပေးတော့မှာဖြစ်လို့ အတူတူ စောင့်မျှော်လိုက်ကြရအောင်။