မင်္ဂလာပါ…. ကော်ဖီချစ်သူတို့ရေ….. အမျိုးစုံတဲ့ကော်ဖီတွေသောက်ရတာ ရိုးနေပြီလား ။ ကော်ဖီကြိုက်တဲ့သူဆိုရင် ဗီယက်နမ်ကော်ဖီကို စမ်းကြည့်သင့်ပါတယ်။ ဒါဆို ပုံမှန်ကော်ဖီတွေနဲ့မတူတဲ့ ဗီယက်နမ်ကော်ဖီပူပူတစ်ခွက်လေး အိမ်မှာဖျော်သောက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဗီယက်နမ်ကော်ဖီမှုန့် စားပွဲတင်ဇွန်း ၁-၃ ဇွန်း
  • နို့ဆီ ၁-၃ ဇွန်း
  • ရေ 6-8 အောင်စ

ပြုလုပ်ပုံအဆင့်ဆင့်

  • ကော်ဖီမှုန့် ၃ ဇွန်းကို ကော်ဖီစစ်ဇကာထဲ အညီအမျှ ဖြန့်ပေးပါ။ ဇကာကို ဖျော်မယ့်ခွက်ပေါ်မှာ တင်ထားပါ။
  • နို့ဆီ စားပွဲတင်ဇွန်း ၁-၃ ဇွန်းကို ကော်ဖီခွက်ထဲ လောင်းထည့်လိုက်ပါ။ သင်ကြိုက်တဲ့အချိုပမာဏပေါ်မူတည်ပြီး နို့ဆီကိုထည့်ပေးပါ။
  • ပွက်ပွက်ဆူနေသောရေကို ဇကာထဲ လောင်းပြီး 5 စက္ကန့်လောက်စောင့်ပါ။ ပြီးမှ ကျန်တဲ့ရေတွေကို ဇကာထဲ ဖြည်းဖြည်းချင်း လောင်းထည့်ပါ။ ကော်ဖီဖျော်ပြီးအောင်                5 မိနစ်လောက်စောင့်ပါ။ ပြီးရင်တော့ ဇကာကိုဖယ်ပြီး နို့ဆီနဲ့ ရောမွှေပေးပါ။ ဒါဆိုရင်တော့ ချိုချိုမွှေးမွှေးလေး ဗီယက်နမ်ကော်ဖီလေး သောက်လို့ရပါပြီ။