အားလုံးပဲမင်္ဂလာပါနော်။ Green Tea နဲ့ ထောပတ်သီးရောပြီး ရေခဲမုန့် အေးအေးလေး လုပ်စားရအောင်ပါ။

ခရင်မ်လေးနဲ့ အရမ်းကိုအရသာရှိပြီး အားလုံး ကြိုက်နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ရေ ၁ ခွက်
  • သကြား ၁ခွက်
  • Green Tea အိတ် ၆ ထုတ်
  • ပျားရည် ခွက် တစ်ဝက်

  • ထောပတ်သီး မှည့် ၄ လုံး
  • သံပရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နို့ ၁ ခွက်
  • ခရင်မ် ၂ ခွက်

ပြုလုပ်နည်း

ရေကို ဆူအောင်သည်လိုက်ပါ။ သကြားထည့်ပါ။ ပြီးရင်သေချာမွေလိုက်ပါ။ သကြားအရည်ပျော်သွားပြီဆိုရင်တော့ လက်ဖက်အိတ်ကို ထည့်လိုက်ပါ။ ၁၅ မိနစ်လောက် ထားထားပါ။ အဲဒီနောက် လက်ဖက်အိတ်ကို ပြန်ထုတ်လိုက်ပါ။ ပျားရည်ထည့်လိုက်ပြီး ရေခဲသေတ္တာထဲထည့်ကာ ၁ နာရီလောက် အအေးခံလိုက်ပါ။

ထောပတ်သီးကို Blender ထဲထည့်ကြိတ်လိုက်ပါ။ ပြီးရင်တော့ စောစောကအအေးခံထားတဲ့ Green Tea လက်ဖက်ကို ထည့်လိုက်ပြီး  နောက်တစ်ခါ ထပ်ကြိတ်ပေးလိုက်ပါ။

နို့နဲ့ ခရင်မ်ထည့်လိုက်ပါ။ ထပ်ပြီး ကြိတ်ပေးလိုက်ပါ။ လုံးဝ မုန့်ညက်သွားပြီဆိုရင်တော့ ဘူးတစ်ခုထဲထည့်ပြီး အပြင်ကနေ ပလတ်စတစ် အုပ်ပေးလိုက်ကာ အေးခဲအောင်ထည့်ထားလိုက်ပါ။

ဒါဆိုရင်တော့ သုံးဆောင်လို့ရပါပြီနော်။

By: MyFood Myanmar