ကြက်သူဖြူကို မြန်မာတို့ရဲ့ ဟင်းလျာတိုင်းလိုလိုမှာ ထည့်သွင်းစားသုံးလေ့ရှိပါတယ်။ ကြက်သွန်ဖြူရဲ့ ကျန်းမာရေးအကျိုးပြုပုံကိုတော့ စာဖတ်သူတို့ သိပြီးလောက်ပြီထင်ပါတယ်။

Garlic-500x375

ကြက်သွန်ဖြူမှာ ဆေးဖက်ဝင်တဲ့ ဂုဏ်သတ္တိတွေအများကြီးပါဝင်ပါတယ်။

ကယ်လိုရီ ပါဝင်မှုနည်းပြီး ဗီတာမင် C မဂ္ဂနီဆီယမ် ကယ်လ်ဆီယမ်နဲ့ ပိုတက်ဆီယမ်ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

ဆီးချိုနဲ့ သွေးတိုးကျစေပါတယ်။ ဒါ့အပြင် ကင်ဆာရော၈ါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အိမ်မှာ ကြက်သွန်ဖြူကို ဘယ်လိုစိုက်မလဲ

Garlic1

ကြက်သွန်ဖြူဥ ၁ လုံး

အိုးတစ်လုံး

မြေကြီး

စိုက်နည်း

Grow-garlic-500x281

ကြက်သွန်ဖြူ ဥတစ်လုံးကိုရွေးပြီး ကြက်သွန်မွှာတွေကို တစ်မွှာချင်းခွဲလိုက်ပါ။

အိုးတစ်လုံးထဲမှာ မြေဆီလွှာကောင်းတဲ့ မြေကြီးထည့်ပေးပါ။ အိုးမှာ လေဝင်လေထွက်ကောင်းဖို့ အပေါက်ပါပါစေ။

ကြက်သွန်ဖြူ ဥတွေကို မြေကြီးထဲမှာ အနည်းငယ်မြုပ်ပေးပြီး စိုက်ပေးရမှာပါ။ မိမိကြိုက်နှစ်သက်သလောက် အစီအရီနဲ့ စိုက်ပေးနိုင်ပါတယ်။

garlic

အညှောင့်ထွက်မဲ့ ကြက်သွန်ဖြူရဲ့ အဖျားပိုင်းကို အပေါ်ကို ထောင်ပြီး စိုက်ပေးရမှာပါ။

ပြီးရင်ရေပုံမှန်လောင်းပေးပါ။ အများကြီးလောင်းဖို့တော့မလိုပါဘူး နည်းနည်းလောင်းပေးရင်ရပါတယ်။

မကြာခင်မှ အညှောင့်လေးတွေထွက်လာပါလိမ့်မယ်။

IMG_0313$202

အရွက်က ၅ လက်မကနေ ၆ လက်မလောက် ထွက်လာပြီဆိုရင် ကြက်သွန်မြိတ်ကို စားသုံးနိုင်ပါပြီ။

ရိုးရှင်းလွယ်ကူပြီး အခြေခံကျတဲ့ စိုက်ပျိုးနည်းကို မျှဝေပေးခဲ့တာပါ။ မိမိခြံထွက် အော်ဂဲလ်နစ်သီးနှံမို့ ဘေးထွက်ဆိုးကျိုးတွေ မရှိတော့ဘူးပေါ့ရှင်။