အချိန်တိုင်းလိုလို တဟွတ်ဟွတ်ဆိုးနေတဲ့ချောင်းထဲမှ ဘတ်တီးရီးယားများဟာ ချောင်းဆိုးလိုက်သည့်အခါ၊ နှာချေလိုက်သည့်အခါများတွင် လျင်လျင်မြန်မြန်ပျံ့နှံ့သွားနိုင်ပါတယ်။ ကလေးငယ်များအပေါ် အထူးသဖြင့်သက်ရောက်နိုင်တာဖြစ်သော်လည်း လူကြီးလူငယ်မရွေး ကူးစက်နိုင်ပါတယ်။

ရောဂါကူးစက်ပြီး စတင်ဖြစ်ပွားခါစအချိန်တွင် သာမန်ဖျားနာခြင်းကဲ့သို့ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာယိုခြင်းနှင့် အဖျားအနည်းငယ်ရှိခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုကဲ့သို့ဖြစ်ပွားမှုကို မကာကွယ်၊ မကုသဘူးဆိုပါက အချိန်ကြာလာလျှင် ပိုမိုဆိုးရွားလာနိုင်တာကြောင့် ကြိုတင်ကုသနိုင်မယ့် အိမ်တွင်းနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ဂျင်း

လတ်လတ်ဆတ်ဆတ်ကြိတ်ညစ်ထားသည့် ဂျင်းအရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ပျားရည်နှင့်ရောစပ်ပါ။ ရက်ပိုင်းအနည်းငယ်လောက်ကြာသည်အထိ တစ်ရက်လျှင် နှစ်ကြိမ် မှန်မှန်သောက်သုံးပေးပါ။

၂။ နနွင်း

Tumeric

ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ နနွင်းမှုန့်အနည်းငယ်တို့ကို ပေါင်းစပ်ရောမွှေပြီး အရှင်းသက်သာသွားသည်အထိ တစ်နေ့လျှင်နှစ်ကြိမ် မှန်မှန်သောက်သုံးပေးပါ။

အခြားနည်းလမ်းတစ်ခုက နွားနို့နွေးနွေးတစ်ခွက်အတွင်း နနွင်းမှုန့်အနည်းငယ်ထည့်ကာ တနေ့လျှင်နှစ်ကြိမ် သုံးစွဲပေးနိုင်ပါတယ်။

၃။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူအရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို တနေ့လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ တစ်ပတ်ခန့်ကြာအောင် သောက်သုံးပေးပါ။

နောက်တစ်မျိုးအနေနှင့် ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲကို ကြက်သွန်ဖြူအနည်းငယ်လှီးထည့်ပါ။ ခေါင်းကိုတဘက်ဖြင့်ဖုံးအုပ်ပြီး အငွေ့ကိုရှူရှိုက်ပေးပါ။ (လူကြီးများအတွက်သာ)

၄။ ပျားရည်

လက်ဖက်ရည်တစ်ဇွန်းခန့် ပျားရည်ကို ရေနွေးခွက်ထဲသို့ထည့်ပြီး ဖြည်းဖြည်းချင်းသောက်ပါ။ တနေ့ကို အကြိမ်ပေါင်းအနည်းငယ်လောက် မကြာမကြာလုပ်ပေးပါ။ လည်ပင်းကို သက်သာမှုရှိစေမည့် ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။

၅။ သံပယိုသီး

လောလောလတ်လတ် ညှစ်ထုတ်ထားသည့် သံပယိုရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရေနွေးတစ်ခွက်ထဲသို့ ပျားရည်အနည်းငယ်နှင့် ပေါင်းထည့်ပါ။ ရက်အနည်းငယ်ကြာအောင် နေ့စဉ်မှန်မှန်သောက်သုံးနိုင်ပါတယ်။

၆။ နွယ်ချို

နွယ်ချိုမှုန့်တစ်ဇွန်းကို ရေနှစ်ခွက်ခန့်ပမာဏရှိ အိုးထဲသို့ထည့်ကာ ငါးမိနစ်ခန့်ကြာအောင် တည်ပေးပါ။ အချိန်ပြည့်လျှင် မီးဖိုပေါ်မှချပြိး ၁၀ မိနစ်ခန့်နှပ်ပေးပြီးနောက် စစ်ထုတ်ပြီး သောက်သုံးပေးနိုင်ပါတယ်။ ရက်အနည်းငယ်လောက်အထိ တနေ့လျှင်နှစ်ကြိမ် မှန်မှန်သုံးစွဲပေးပါ။

၇။ ဂန္ဓာမာပန်းရေနွေးကြမ်း

အခြောက်ခံထားသော ဂန္ဓာမာပန်းပွင့် အနည်းငယ်ကို ရေနွေးပူပူတစ်ခွက်ထဲသို့ထည့်၍ အဖုံးဖုံးကာ ငါးမိနစ်ခန့်ကြာနှပ်ထားပါ။ အချိန်ပြည့်လျှင် အဖတ်များကို ဖယ်ပြီး သံပယိုရည်နှင့်ပျားရည်တို့ကို မိမိစိတ်တိုင်းကျ ထည့်သွင်းသောက်သုံးပေးနိုင်ပါတယ်။

တနေ့လျှင် ၃ ကြိမ် မှ ၄ ကြိမ်အထိသောက်သုံးပေးပါ။