သွေးဖိအားများတာ သို့မဟုတ် သွေးတိုးတာက နှလုံးရောဂါအပါအဝင်တခြား ရောဂါတွေအများကြီးဆက်ပြီး ဖြစ်နိုင်ပါတယ်။

သွေးတိုးတာက အများအားဖြင့် သွေးလွှတ်ကြောတွေကျဉ်းလာတာထူလာတာတွေဖြစ်ပြီး နှလုံးက သွေးတွေကို ခန္ဓာကိုယ်ရဲ့တခြားနေရာတွေရောက်ဖို့ပိုပြီး အလုပ်လုပ်လာရပါတယ်။

ဒါ့ကြောင့် သွေးတိုးကျစေမယ့် သဘာဝနည်းလမ်းများကိုဝေမျှချင်ပါတယ်။

ပင်စိမ်း

ပင်စိမ်းက သွေးတိုးတွေကို လျော့ကျစေပါတယ်။ ဆိုဒီယမ်အဆင့ိကုလည်း လျော့ကျစေတာကြောင့် သွေးတိုးမဖြစ်အောင်လည်း ကူညီပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်း

ပင်စိမ်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ တစ်ခွက်

ပြုလုပ်နည်း

ရေတစ်ခွက်လောက်ကို အပူပေးပြီး ဆူလာရင် ပင်စိမ်းကိုထည့်ပါ။ ပြီးရင် ခဏလောက်ထားပြီး နောက် အိုးပေါ်ကနေ ချလိုက်ပါ။ ၁၀ မိနစ်အအေးခံပြီးမှ သောက်ပါ။

တစ်ပတ်ကို ၃ခါလောက်သောက်ပေးပါ။

သစ်ကြမ်းပိုးခေါက်

သစ်ကြမ်းပိုးခေါက်မှာ Essential Oils နဲ့ Antioxidants တွေကြွယ်ဝစွာပါဝင်ပြီး သွေးလည်ပတ်မှုကိုကောင်းစေကာ သွေးလွှတ်ကြောတွေရဲ့ ကျန်းမာရေးကိုအထောက်အကူပြုပါတယ်။

ဆီးချိုနဲ့ သွေးတိုဖြစ်နေတဲ့သူတွေက သစ်ကြမ်းပိုးခေါက်ကို အထူးသုံးစွဲသင့်ပါတယ်။ သစ်ကြမ်းပိုးခေါက်က သွေးအတွင်း သကြားဓာတ်ကို ထိန်းချုပ်ပေးပါတယ်။

ပါဝင်ပစ္စည်းများ

သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်း ၁ဇွန်း

ရေ တစ်ခွက်

ပြုလုပ်နည်း

သစ်ကြမ်းပိုးခေါက်ကို ပွက်ပွက်ဆူနေတဲ့ရေတစ်ခွက်ထဲထည့်ပြီး ၁၀ မိနစ်လောက်ထားကာသောက်ပါ။ မနက်စာမစားခင်မှာသောက်သုံးပေးပါ။