အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ နူးအိပြီး အရသာရှိတဲ့ ကြက်ခြေထောက် ပူပူစပ်စပ်လေး လုပ်စားလို့ရအောင် မျှဝေပေးချင်ပါတယ်နော်။
ပါဝင်ပစ္စည်း
- ကြက်ခြေထောက် များ (မိမိနှစ်သက်သလောက်)
- ဝိုင်ဖြူ (သို့) Sake ဂျပန်အရက် အနည်းငယ်
- ရေ ခွက် ၁/၃ ပုံ
- ဂျင်း တစ်ခုကို ခပ်းပါးလှီးပါ
- ပဲငံပြာရည် အနည်းငယ်
- သကြား ခွက် ၁/၄ ပုံ
- ငရုတ်သီးအစပ်သီးခြောက် ၂ လုံး
- ကမာဆော့စ် အနည်းငယ်
- Hoisin ဆော့စ်အနည်းငယ် (မထည့်လည်းရပါတယ်)
- သစ်ကြမ်းပိုးခေါက် ၁ ချောင်း၊ ကြက်သွန်မြိတ်အနည်းငယ်
ပြုလုပ်နည်း
ကြက်ခြေထောက်ကို ရေသေချာဆေးလိုက်ပြီး ဆားနဲ့ နယ်ကာ ၁၀ မိနစ်လောက်ထားထားပါ။ အဲဒီနောက် ရေအေးအေးနဲပထပ်ဆေးချပါ။
ပြီးရင်ဆော့ ဆားနဲ့ ရေထည့်လိုက်ပြီး ၅ မိနစ်လောက် နူးအောင် ပြုတ်ထားပေးလိုက်ပါ။ ပြီးရင် ရေစစ်ပေးလိုက်ပါ။
Pan အိုးကို အပူပေးပြီး ကြက်ခြေထောက်ကိုထည့်လိုက်ပါ။ ပြီးရင်တော့ ကျန်တဲ့ပါဝင်ပစ္စည်းတွေထည့်လိုက်ပါ။
အနည်းငယ်ကျုံ့သွားပြီဆိုရင်တော့ ကျန်တဲ့ပါဝင်ပစ္စည်းတွေထည့်လိုက်ပါ။ ၁၀ မိနစ်လောက် မွှေပေးလိုက်ပြီးရင် သုံးဆောင်လို့ရပါပြီနော်။
By: MyFood Myanmar