အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ နူးအိပြီး အရသာရှိတဲ့ ကြက်ခြေထောက် ပူပူစပ်စပ်လေး လုပ်စားလို့ရအောင် မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ကြက်ခြေထောက် များ (မိမိနှစ်သက်သလောက်)
  • ဝိုင်ဖြူ (သို့) Sake ဂျပန်အရက် အနည်းငယ်
  • ရေ ခွက် ၁/၃ ပုံ
  • ဂျင်း တစ်ခုကို ခပ်းပါးလှီးပါ
  • ပဲငံပြာရည် အနည်းငယ်

  • သကြား ခွက် ၁/၄ ပုံ
  • ငရုတ်သီးအစပ်သီးခြောက် ၂ လုံး
  • ကမာဆော့စ် အနည်းငယ်
  • Hoisin ဆော့စ်အနည်းငယ် (မထည့်လည်းရပါတယ်)
  • သစ်ကြမ်းပိုးခေါက် ၁ ချောင်း၊ ကြက်သွန်မြိတ်အနည်းငယ်

ပြုလုပ်နည်း

ကြက်ခြေထောက်ကို ရေသေချာဆေးလိုက်ပြီး ဆားနဲ့ နယ်ကာ ၁၀ မိနစ်လောက်ထားထားပါ။ အဲဒီနောက် ရေအေးအေးနဲပထပ်ဆေးချပါ။

ပြီးရင်ဆော့ ဆားနဲ့ ရေထည့်လိုက်ပြီး ၅ မိနစ်လောက် နူးအောင် ပြုတ်ထားပေးလိုက်ပါ။ ပြီးရင် ရေစစ်ပေးလိုက်ပါ။

Pan အိုးကို အပူပေးပြီး ကြက်ခြေထောက်ကိုထည့်လိုက်ပါ။ ပြီးရင်တော့ ကျန်တဲ့ပါဝင်ပစ္စည်းတွေထည့်လိုက်ပါ။

အနည်းငယ်ကျုံ့သွားပြီဆိုရင်တော့ ကျန်တဲ့ပါဝင်ပစ္စည်းတွေထည့်လိုက်ပါ။ ၁၀ မိနစ်လောက် မွှေပေးလိုက်ပြီးရင် သုံးဆောင်လို့ရပါပြီနော်။

By: MyFood Myanmar