အားလုံးပဲမင်္ဂလာပါနော်။ အာလူးမီးဖုတ် က လူကြိုက်များတဲ့ အစားအစာဖြစ်ပါတယ်။ ကလေးရော လူကြီးပါကြိုက်ကြတဲ့ အစားအစာတစ်ခုပါ။ အာလူးကို အမြဲတမ်း ချက်စားနေတာ၊ ထောင်းစားနေတာတော့ ရိုးနေပြီထင်ပါတယ်။ ဒီတခါမှာတော့ အာလူးမီးဖုတ်လေး ဘယ်လိုလုပ်စားရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

Microwave လေးရှိရုံနဲ့ အာလူးမီးဖုတ်လေးကို အရသာရှိရှိ လုပ်စားကြည့်လို့ရတယ်နော်။

ပါဝင်ပစ္စည်း

  • အာလူး ၂ လုံး
  • ရေ
  • တစ်ရှုး

  • ပန်းကန် ( ကြွေပန်းကန်သုံးပါ)
  • ဆား
  • ငရုတ်ကောင်း

ပြုလုပ်နည်း

အရင်ဆုံး အာလူးကို ရေဆေးပြီး သေချာသန့်စင်လိုက်ပါ။ သံပရာသီးနဲ့ ပွတ်ပြီးဆေးလို့လည်းရပါတယ်။ ပြီး၇င် တစ်ရှုးလေးနဲ့ သုတ်ပေးပါ။

ပြီးရင်တော့ ခက်ရင်းလေးနဲ့ အာလူးကို အပေါက်လေးတွေ ဖောက်ပေးလိုက်ပါ။

အဲဒီနောက် Microwave ထဲထည့်ပြီး မီးဖုတ်ပေးလို့ရပါပြီ။ Microwave ထဲကို ကော်ပန်းကန်တွေ၊ သံပန်းကန်တွေမထည့်ပါနဲ့။ ကြွေပန်းကန်ပဲထည့်ပါ။

၅ မိနစ်လောက် အပူပေးလိုက်ပြီး နောက်ထပ် ၃ မိနစ်လောက်ထပ်အပူပေးပါ။

ပြီးရင် အပြင်ယူထုတ်လိုက်ပါ။ အဲဒီနောက် အလည်ကနေ ဓါးနဲ့ ထက်ခြမ်းခြမ်းပေးလိုက်ပါ။

Microwave နဲ့ အာလူးကို ဘယ်လိုဖုတ်စားမလဲ

ဆားနဲ့ ငရုတ်ကောင်းမှုန့်ထည့်လိုက်ပါ။

ထောပတ် ငရုတ်သီး ချိစ်နဲ့ နံနံပင်နည်းနည်းဖြူးပြီး သုံးဆောင်လို့ရပါပြီနော်။

Source: www.fabhow.com