ပန်ကရိယ ကျန်းမာဖို့ဆိုရင် ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစားအစာတွေ စားပေးဖို့လိုအပ်သလို ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားနေဖို့လည်း လိုပါတယ်။

ပန်ကရိယက အစာအိမ်ရဲ့ အနောက်မှာတည်ရှိပါတယ်။ ဝမ်းဗိုက်ရဲ့ ဘယ်ဘက်အခြမ်းမှာရှိပါတယ်။ အညိုဖျော့ရောင်ဖြစ်ပြီး အင်ဆူလင်ထုတ်လုပ်ဖို့ လုပ်ဆောင်ပေးပါတယ်။ အာဟာရတွေကို သိမ်းဆည်းတဲ့နေရာမှာအရေးကြီးတဲ့ ဟော်မှုန်းဖြစ်ပါတယ်။

ပန်ကရိယက ၂ မျိုးလုပ်ဆောင်ပေးပါတယ်။

Endocrine: သွေးအတွင်း သကြားဓာတ်နဲ့ Glucagon ဓာတ်ကို ထိန်းညှိပေးပါတယ်။

Exocrine : ပန်ကရိယအရည်တွေ ထုတ်လုပ်ပေးပြီး အစားအစာတွေ အစာခြေဖို့ ကူညီပေးပါတယ်။

အများအားဖြင့် ဆီးချို နဲ့တခြား ပန်ကရိယ ကင်ဆာတွေကြောင့် ပန်ကရိယရဲ့လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေပါတယ်။

ပန်ကရိယအတွက် မကောင်းတဲ့ အစားအစာများ

တိရစ္ဆာန်အဆီ အထူးသဖြင့် နွားနို့ နဲ့အနီရောင် အသား

ကြော်ထားတဲ့ အစားအစာများ: အားလူးကြော်၊ ဟမ်ဘာဂါ၊ ပီဇာ စသည်

ပြုပြင်ထားတဲ့ အစားအစာများ : ဥပမာ သကြား

ဓာတုပစ္စည်း၊ ကြာရှည်ခံပစ္စည်းနဲ့ အရောင်ဆိုးဆေးပါတဲ့ အစားအစာများ

စီးကရက်

အရက် စသည်တို့ဖြစ်ပါတယ်။

ပန်ကရိယ ကျန်းမာရေးကို ဘယ်လို စောင့်ရှောက်ရမလဲ

အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အခွံမာအသီး၊ နှံစားပြောင်း၊ အသီးအနှံဖျော်ရည်၊ ဆေးဝင်ဖက် အပင်များရဲ့ ရေနွေးကြမ်း နဲ့ရေတို့ကို များများစားသုံးပေးရပါမယ်။

ပန်ကရိယထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးနိုင်တဲ့ အစားအစာများ

ဂျင်း၊ ရှားစောင်းလက်ပတ်၊ Artichokes၊ Horsetail စသည်တို့ဖြစ်ပါတယ်။

သံလွင်ဆီကို သုံးပါ

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို မနက်စာမစားခင်မှာ စားပေးရင်လည်း ပန်ကရိယကို သန့်စင်ပေးပါတယ်။ ပြီးရင် သံပုရည်ကို ရေနွေးနွေး ၁ ခွက်နဲ့ ဖျော်ပြီးသောက်ပေးပါ။

 

ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု

ရောဂါ၊ ထိုက်ချိတို့က ခန္ဓာကိုယ်ထဲမှာ အောက်စီဂျင်လည်ပတ်မှုနဲ့သွေလည်မှုအတွက်ကောင်းမွန်ပါတယ်။ အဲ့ဒီအပြင် ပန်ကရိရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အားကောင်းစေပါတယ်။

ဒါမှမဟုတ်လည်း လမ်းလျှောက်၊ပြေး၊ စက်ဘီးစီး၊ ရေကူးတာစတာတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

နေ့လည်စာ

နေ့လည်စာမှာ ကောက်ပဲသီနှံတစ်မျိုးမျိုး ဥပမာ ထမင်း၊ ဗရုံစေ့၊ ဟင်းသီးဟင်းရွက် တွေဖြစ်တဲ့ ကြက်သွန်နီ၊ မုန်လာဥနီ၊ သခွားသီး၊ ခရမ်းချဉ်သီး စတာတွေကို စားသုံးပါ။