အားလုံးပဲမင်္ဂလာပါနော်။ ကညွတ်ကိုအားလုံး ကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်။ ကညွတ်ကြိုက်ကြတဲ့သူတွေအတွက် ဒီတခါမှာတော့ ကညွတ်ကို အရသာရှိရှိ ဘယ်လိုပြုတ်စားမလဲ၊ ဘယ်လိုကြော်စားမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။
၁။ ကညွတ်ပြုတ်စားမယ်
ပါဝင်ပစ္စည်း
- ကညွတ်
- ရေ
- ဆား
- ငရုတ်ကောင်းမှုန့်
- သံပရာရည်
ပြုလုပ်နည်း
အရင်ဆုံး ကညွတ်ကို အောက်ဖက်နားမှာ ဖြတ်ပေးလိုက်ပါ။
ဒယ်အိုးထဲကိုရေထည့်လိုက်ပြီး ဆူလာပြီဆိုရင်တော့ ကညွတ်ထည့်လိုက်ပါ။
အဖုံးလေးဖုံးပေးထားပြီး ၁၀ မိနစ်လောက်ထားပါ။
ပြီးရင်တော့ ကညွတ်ကို ပြန်ဆယ်လိုက်ပါ။
ဆား၊ ငရုတ်ကောင်းမှုန့်နဲ့ သံပရာရည်ညှစ်ပေးလိုက်ပြီး အသင့်သုံးဆောင်လို့ရပါပြီနော်။
၂။ ကညွတ်ကြော်စားမယ်
ပါဝင်ပစ္စည်း
- ကညွတ်
- ထောပတ် (သို့) ဆီအနည်းငယ်
- ဆား
- ငရုတ်ကောင်း
- ကြက်သွန်ထောင်း စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
အရင်ဆုံး ကညွတ်ကို အောက်ဖက်နားမှာ ဖြတ်ပေးလိုက်ပါ။
ပြီးရင်တော့ ထောပတ် (သို့) ဆီထည့်ပေးလိုက်ပါ။
ကြက်သွန်ထည့်ပါ။
အနံ့လေးမွှေးလာပြီဆိုရင် ကညွတ်ထည့်လိုက်ပါ။
ခဏလေးကြော်ပေးလိုက်ရင်ရပါပြီနော်။
ငရုတ်သီးမှုန့်၊ ငရုတ်ကောင်း၊ ဆားနဲ့အပေါ်ကနေ ချိစ်လေးဖြူးပေးလိုက်ပါ။
Source/Credit: www.fabhow.com