အားလုံးပဲမင်္ဂလာပါနော်။ ကညွတ်ကိုအားလုံး ကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်။ ကညွတ်ကြိုက်ကြတဲ့သူတွေအတွက် ဒီတခါမှာတော့ ကညွတ်ကို အရသာရှိရှိ ဘယ်လိုပြုတ်စားမလဲ၊ ဘယ်လိုကြော်စားမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။

၁။ ကညွတ်ပြုတ်စားမယ်

ပါဝင်ပစ္စည်း

  • ကညွတ်
  • ရေ
  • ဆား
  • ငရုတ်ကောင်းမှုန့်
  • သံပရာရည်

ပြုလုပ်နည်း

အရင်ဆုံး ကညွတ်ကို အောက်ဖက်နားမှာ ဖြတ်ပေးလိုက်ပါ။

ဒယ်အိုးထဲကိုရေထည့်လိုက်ပြီး ဆူလာပြီဆိုရင်တော့ ကညွတ်ထည့်လိုက်ပါ။

အဖုံးလေးဖုံးပေးထားပြီး ၁၀ မိနစ်လောက်ထားပါ။

ပြီးရင်တော့ ကညွတ်ကို ပြန်ဆယ်လိုက်ပါ။

ဆား၊ ငရုတ်ကောင်းမှုန့်နဲ့ သံပရာရည်ညှစ်ပေးလိုက်ပြီး အသင့်သုံးဆောင်လို့ရပါပြီနော်။

၂။ ကညွတ်ကြော်စားမယ်

ပါဝင်ပစ္စည်း

  • ကညွတ်
  • ထောပတ် (သို့) ဆီအနည်းငယ်
  • ဆား
  • ငရုတ်ကောင်း
  • ကြက်သွန်ထောင်း စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

အရင်ဆုံး ကညွတ်ကို အောက်ဖက်နားမှာ ဖြတ်ပေးလိုက်ပါ။

ပြီးရင်တော့ ထောပတ် (သို့) ဆီထည့်ပေးလိုက်ပါ။

ကြက်သွန်ထည့်ပါ။

အနံ့လေးမွှေးလာပြီဆိုရင် ကညွတ်ထည့်လိုက်ပါ။

ခဏလေးကြော်ပေးလိုက်ရင်ရပါပြီနော်။

ကညွတ်ကို အရသာရှိရှိ ပြုတ်နည်းနဲ့ ကြော်နည်းလေးတွေ

ငရုတ်သီးမှုန့်၊ ငရုတ်ကောင်း၊ ဆားနဲ့အပေါ်ကနေ ချိစ်လေးဖြူးပေးလိုက်ပါ။

Source/Credit: www.fabhow.com