အိမ်နောက်ဖေး ဈေးဆိုင်တည်ဆိုတဲ့ စကားအတိုင်း စိုက်ပျိုးရေး ဝါသနာပါသူတွေကတော့ ရှိတဲ့ မြေကွက်လပ်ကို ဒီအတိုင်း မထားကြပါဘူး။ လတ်ဆတ်တဲ့ အသီးအနှံတွေကို စားသုံးရပြီး မီးဖိုချောင် ထွက်ငွေလည်းသက်သာစေနိုင်တဲ့အတွက် အလွန်ကောင်းတဲ့ ဝါသနာပါ။ မြေကွက်လပ် နည်းနည်းပဲရှိတဲ့ နေရာမှာ Box လေးတွေနဲ့ အမျိုးအစား ခွဲပြီးစိုက်ရင် လှပတဲ့ဥယျာဉ်လေးကို ဖန်တီးနိုင်ပါလိမ့်မယ်။
မြေကြီးလွတ် မရှိတဲ့ လူတွေအတွက်လည်း Recycled လည်း ဖြစ်အောင် အံဆွဲအဟောင်းလေးတွေနဲ့ အပင်လေးတွေ စိုက်ကြည့်ရအောင်နော်။
၁။ မသုံးတော့တဲ့ အံဆွဲအဟောင်းတွေကို ရှာပြီး သန့်ရှင်းရေး အရင်လုပ်ပါ။ လေးထောင့်ပုံစံ ဆန်ဆန်တွေက ပိုပြီး အဆင်ပြေပါတယ်။
၂။ အံဆွဲတွေကို တစ်ခုချင်းစီ ဆွဲထုတ်ပြီး ဆေးအနည်းငယ် သုတ်ပါ။ ဆေးမသုတ်ဘဲ ဒီအတိုင်းလည်း ရပါတယ်။ ပိုလှအောင် ပြင်ချင်ရင်တော့ ဆေးအနည်းငယ် သုတ်ပြီး အခြောက်ခံထားပါ။
၃။ အံဆွဲတွေက သံတို့ အလူမီနီယမ်တို့နဲ့ လုပ်ထားတဲ့ အံဆွဲတွေဆိုရင်တော့ သံချေးတွေ ရှိနေရင် ဆေးအနည်းငယ်တော့ သုတ်သင့်ပါတယ်။
၄။ အံဆွဲ အတွင်း အောက်ခြေမှာ အပေါက် အနည်းငယ်စီ ဖောက်ပေးပါ။
၅။ အတွင်းကို မြေကြီးဖြည့်တဲ့အခါ အောက်ဆုံးမှာ ခဲအနည်းငယ် ထည့်ပါ။ ခဲသေးသေးလေးတွေပါ။ ပြီးရင် မြေကြီး ၃ထပ် ထည့်ပါ။ အပေါ်ကနေ မြေဆွေး အလွှာ ထပ်ဖြည့်ပါ။
၆။ ပြီးရင်တော့ ကိုယ်စိုက်မယ့် အပင်ကို ထည့်ပါ။ မျိုးစေ့ဆိုရင်လည်း အနည်းငယ်စီ ခွာပြီး စိုက်ပါ။ အပင်တွေကိုလည်း အနည်းငယ် ခွာစိုက်ပါ။
၇။ အံဆွဲ တစ်ခုချင်းကို အရောင် တစ်မျိုးစီ သုတ်ပြီး အရောင်စုံ ဥယျာဉ်လေးကို ဖန်တီးလို့ ရပါတယ်။
Source: wikihow
Photo: babble