ကြက်တစ်ကောင်လုံး ဝယ်ပြီးခါမှ ဘယ်လိုခုတ်ထစ်ရမလဲဆိုပြီး စဉ်းစားရကြပ်နေပါသလား။ မိမိက အဆင်ပြေသလို ခုတ်ထစ် တုံးတစ်လိုက်ပေမယ့် စဉ်းနီတုံးပေါ်မှာ ကြက်သားတုံးတွေ ဗရပွနဲ့ ပေကျံနေလို့ စိတ်ညစ်နေပါသလား။

အခုဖော်ပြပေးမယ့် ကြက်သားခုတ်ထစ်နည်းကို အသုံးပြုလိုက်ပါ။ အချိန်ကုန်လည်း သက်သာသလို ကြက်သားဟင်းစားလည်း များများရ၊ ကြက်ရိုးများအသုံးပြုပြီး ကြက်ပြုတ်ရည်လည်း ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။

အရင်ဦးဆုံး ကြက်ကောင်လုံးကို စဉ်းနီတုံးပေါ်တွင် ပက်လက်အနေအထား လှန်ထားလိုက်ပါ။

ပြီးရင် ဝမ်းဗိုက်ကနေ အခေါင်းပေါက်လေး ဖွင့်ကာ အတွင်းကလီစာများကို ဖယ်ရှားလိုက်ပါ။

ထို့နောက် ကြက်ပေါင်နှစ်ချောင်းနဲ့ ကြက်တောင်ပံနှစ်ချောင်းကို ခုတ်ထစ်လိုက်ပါ။

ဒါဆိုရင်တော့ ကြက်ရင်အုံနှစ်ခု စုနေတဲ့ ကြက်ကိုယ်ထည် ကျန်ခဲ့ပါလိမ့်မယ်။ ကြက်ရင်အုံနှစ်ခြစ်ကို ထက်ခြမ်း မလှီးဖြတ်ခင်မှာ ကြက်အရေခွံကို အရင်လှီးထုတ်လိုက်ပါ။ ပြီးမှ ကြက်ရင်အုံနှစ်ဖက်ကို အလယ်တည့်တည့်ကနေ ထက်ခြမ်း ခြမ်းလိုက်ပါ။

ဒါဆိုရင်တော့ ကြက်စွပ်ပြုတ်အတွက်ရော ဟင်းစားအတွက်ပါ ချက်ပြုတ်ပြင်ဆင်ဖို့ ရယ်ဒီဖြစ်သွားပြီပေါ့။

ဒီလိုမျိုး စနစ်တကျ ခုတ်ထစ်နည်းကို သိသွားပြီဆိုရင်တော့ ကြက်တစ်ကောင်လုံး ဝယ်တဲ့အခါ စက္ကန့်ပိုင်းအတွင်း ခုတ်ထစ်ပြင်ဆင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: Ifoodreal.com