ပါဝင်ပစ္စည်းအနည်းငယ်ရှိရုံနဲ့  ပြင်ဆင်ရလွယ်ကူတဲ့ BBQ အရသာကြက်ပေါင်လေးတွေက အချိန်တိုအတွင်း စားသုံးနိုင်ဖို့ အားစိုက်ထုတ်စရာမလိုပဲ  ချက်လို့ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် ၃ ပေါင်
  • BBQ အမှုန့် ၂ ဇွန်း
  • BBQ Sauce 2 1/2 ခွက်
  • Cooking Spray

ချက်ပြုတ်နည်းအဆင့်ဆင့်

  • အရင်ဆုံး  Slow Cooker ကို Cooking Spray ဖြန်းပေးပါ။ ကြက်ပေါင်ကို BBQ အမှုန့်နဲ့နယ်ပြီးရင် Slow Cooker ထဲကို စီထည့်လိုက်ပါ။ အပေါ်ကနေ BBQ Sauce ကို ဆမ်းပေးပါ။
  • အဖုံးဖုံးပြီး 5-6 နာရီ သို့မဟုတ် 3-4 နာရီကြာအောင် ချက်ပေးပါ။
  • ကြက်သားများကြက်ပြီဆိုရင် အရသာရှိရှိ စားသုံးနိုင်ပါပြီ။