တရုတ်နိုင်ငံရဲ့ အဓိကဟင်းလျာတစ်ခုဖြစ်တဲ့ ဒီကြက်သားဟင်းက အချိုအရသာကော အစပ်အရသာပါ ပါဝင်ပြီး အရသာရှိတဲ့ နာမည်ကြီး ကြက်သားဟင်းလျာတစ်ခုပါ။ ဒီကြက်သားဟင်းက နှမ်းကြက်သားနှင့် ဆင်တူပေမယ့် ဒီကြက်သားမှာက ငံပြာရည်နည်းနည်းပိုများပြီး အရသာပိုစပ်ပါတယ်။ ဒီဟင်းကိုစားတဲ့အခါ ဘရိုကိုလီနဲ့ တွဲစား လေ့ရှိပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သားအတွက်
အရိုးမပါ အရေခွံမပါတဲ့ ကြက်ပေါင် 1/2 ပေါင်ကို 1 လက်မအပိုင်းပိုင်းအဖြစ် လှီးဖြတ်ပါ။
ကြက်ဥ ၂ လုံးကို မွှေထားပါ။
ဆားနှင့်ငရုတ်ကောင်းအနည်းငယ်
ဂျုံမှုန့် 1/2 ခွက်
ပြောင်းဖူးမှုန့် 1/2 ခွက်
ဟင်းသီးဟင်းရွက်ဆီ
နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကြက်သွန်နီမြိတ် အနည်းငယ်

ဆော့စ်အတွက်
ဟင်းသီးဟင်းရွက်ဆီ 2 လက်ဖက်ရည်ဇွန်း
ကြက်သွန်ဖြူအနည်းငယ် ထောင်းထားပါ
ငရုတ်သီးအကြမ်းဖက်အနည်းငယ်
ကြက်ပြုတ်ရည် ၃/၄ ခွက်
Hoisin Sauce 2 ဇွန်း
သကြားအညို 2 ဇွန်း
ပဲငံပြာရည် ၁/၄ ခွက်
ပြောင်းဖူးမှုန့် ၁ ဇွန်း

ကြက်ဥတွေကို ဆားနဲ့ငရုတ်ကောင်းထည့်ပြီး မွှေထားပေးပါ။ ဂျုံမှုန့်နဲ့ ပြောင်းဖူးမှုန့်များကို ရောမွှေထားပေးပါ။မီးဖိုပေါ်မှာ အိုးတင်ပြီး ဆီပူအောင်တည်ထားပေးပါ။ တုံးထားတဲ့ကြက်သားတုံးကို ကြက်ဥထဲနှစ်လိုက်ပါ။ ပြီးရင် ပြောင်းဖူးနဲ့ဂျုံမှုန့်ရောထားတဲ့အထဲမှာလှိမ့်ပြီး ထည့်ကြော်လိုက်ပါ။ ကြက်သားတုံးအားလုံးကိုလုပ်ပေးပါ။

ကြော်တဲ့အခါ ၅ မိနစ် သို့မဟုတ် ရွှေရောင်သန်းလာတဲ့အထိ ကြော်ပေးပါ။

ကြက်သားကြော်နေတုန်း Sauce လုပ်ထားပါ။ ဒယ်အိုးတစ်လုံးထဲတွင် ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို အလယ်အလတ် အပူပေးပါ။ ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းတွေကို ထည့်ပြီး စက္ကန့် 30 လောက်မွှေပေးပါ။ ကြက်ပြုတ်ရည်၊ ၊ Hoisin Sauce၊ သကြားညို၊ ပဲငံပြာရည်နဲ့ ပြောင်းဖူးမှုန့်တို့ကို ထည့်ပြီးမွှေပေးပါ။ 2-3 မိနစ်ခန့် သို့မဟုတ် Sauce ပျစ်လာပြီဆို မီးပိတ်ထားလိုက်ပါ။


ဒယ်အိုးထဲ ကြက်သားတုံးများကို ထည့်ပြီး Sauce နဲ့ သမအောင် မွှေပေးပါ။

ပြီးရင်တော့ နှမ်းနဲ့ကြက်သွန်းမြိတ်လေး ဖြူးပြီး သုံးဆောင်လို့ ရပါပြီ။