ပင်မှည့်သီးက အရသာရှိပြီး စားလို့ကောင်းလွန်းတဲ့ အသီးတစ်မျိုးပါ။ အရောင်လေးကလည်း ဝင်းပနေလို့လည်း စားချင်စဖွယ်လေးပါ။
ကျန်းမာရေးနဲ့လည်းညီညွှတ် ကိုယ်အလေးချိန်လည်း ကျစေလို့ ပျိုမေတို့ရေ သောက်သုံးဖို့ ဝန်မလေးနဲ့တော့နော်။
အဆင့် ၁
အသီးကိုရွေးချယ်ရာမှာ အနည်းငယ်တွန့်နေတာ နည်းနည်းလေးအနီရောင်ဖက်သန်းနေတမျိုးဆိုရင် မှည့်ပြီး ချိုနေပါပြီ။
အဆင့် ၂
အသီးကို လှုပ်ခါပေးပါ။ လှုပ်ခါပေးလိုက်လို့ အရည်တွေရဲ့အသီကြားရရင် အစေ့တွေနဲ့ အရည်များများရှိနေပြီး စားလို့အရသာရှိတယ်ဆိုတာ သိနိုင်ပါတယ်။
အဆင့် ၃
နမ်းကြည့်ပါ။ အသီးကိုအနံ့ခံပေးပြီး ကောင်းမကောင်း စမ်းသတ်လို့ရပါတယ်။ အသီးက မွှေးမွှေးလေး ဖြစ်နေပါမယ်။ ဒါဆို သိပ်ကိုစားကောင်းမယ်ဆိုတာသေချာပါတယ်။
အဆင့် ၄
အခွံကိုမစားပေမယ့်လည်း ရေဆေးပေးပါ။
အဆင့် ၅
အသီးကို ဓါးနဲ့ ၂ ခြမ်းခွဲလိုက်ပါ။ အသီးရဲ့အရောင်ကိုကြည့်ပြီး ကောင်းမကောင်းသိနိုင်ပါတယ်။
အဆင့် ၆
အသီးရဲ့ အစေ့ကိုသာစားရမှာဖြစ်ပြီး အဖြူရောင်အခွံကိုတော့ မစားရပါဘူး။ ခါပြီး အရသာမရှိလို့ပါ။ ဒါ့ကြောင့် ဇွန်းနဲ့ ခြစ်ယူရာမှာလည်း ဖွဖွပဲ ခြစ်ယူပေးပါ။ အသီးရဲ့ အဖြူရောင်အသားမပါပါစေနဲ့။
အသီးကို ဖျော်ရည်လုပ်ပြီးပဲသောက်သောက် ငရုတ်သီး ဆားထည့်ပြီးပဲစားစား အရမ်းကောင်းပါတယ်။ ဖျော်ရည်လုပ်ပြီးသောက်မယ်ဆိုရင် ရေရယ် သကြား (သို့) ပျားရည်ရယ် ဖျော်ပြီး ရေခဲထည့် သောက်သုံးပေးနိုင်ပါတယ်။ ။
ပင်မှည့်သီးဟာ နေပူပူ နွေရာသီမှာလည်း အပူဒဏ်ခံနိုင်တဲ့ ဖျော်ရည်တစ်မျိုးပါပဲ။