ထောပတ်သီးရဲ့ အရသာရှိပြီး အာဟာရဓါတ်ကြွယ်ဝလို့ လူကြိုက်များတဲ့အသီးဖြစ်တယ်ဆိုတာ ပြောပြဖို့တောင် မလိုပါဘူး။ ဒါကြောင့် ထောပတ်သီးကို အမြဲတမ်း ဈေးတွေဝယ်စားမယ့်အစား အိမ်မှာ သဘာဝ နည်းလမ်းနဲ့ စိုက်ပျိုးကြည့်ရအောင်။

ထောပတ်သီးပင်တွေက မြေထဲပင်လယ်၊ သမပိုင်းဇုန်တွေနဲ့ အပူပိုင်း ရာသီဥတုရှိတဲ့နေရာတွေမှာ စိုက်ပျိုးလို့ရပါတယ်။ ရေနဲ့ အလင်းရောင် လုံလောက်စွာ ရရှိတဲ့ နေရာတွေမှာ စိုက်ပျိုးရတာပါ။

ထောပတ်သီးပင်တွေက အပင်ကြီးမျိုးဖြစ်တာကြောင့် စိုက်ပျိုးပြီး ၇ နှစ်အတွင်းမှာလည်း အရိပ်ကောင်းစွာ ရရှိမယ့် အပင်မျိုးဖြစ်ပါတယ်။ စိုက်နည်းဘက်ကို သွားလိုက်ရအောင်။

3782809278_13bcfcdf49_b

အဆင့် ၁

ထောပတ်သီးတစ်လုံးကို ၀ယ်လိုက်ပါ။ မျိုးကောင်းကောင်း ရှာဝယ်နိုင်ရင်ကောင်းပါတယ်။ ထောပတ်သီးထဲက အသားတွေကို ဖယ်ထုတ်လိုက်ပါ။ အစေ့ကို အခြောက်လှမ်းပါ။ အစေ့မှာရှိတဲ့ အညိုရောင် အလွှာလေးတွေကို မထိခိုက်အောင် ဂရုစိုက်ပါ။ အစေ့ကို ရက်အနည်းငယ်လောက် သိမ်းထားလိုက်ပါ။

index

အဆင့် ၂

ထောပတ်သီး စေ့မှာ အပေါ်ထိပ်နဲ့ အောက်ပိုင်း ၂ မျိုး ရှိပါတယ်။ အပေါ်ပိုင်း ချွန်ချွန်လေးဖြစ်နေတာက အသီးရဲ့ ထိပ်ပိုင်းဖြစ်ပြီး အောက်ပိုင်း က အပေါ်လောက် မချွန်ဘဲ လုံးလုံးလေးဖြစ်နေတတ်ပါတယ်။ ဒီအဆင့်က အရေးကြီးပါတယ်။ အကယ်၍ ကိုယ်က အစေ့ရဲ့ အပေါ်နဲ့ အောက်ကို ပြောင်းပြန် ထည့်ပြီး စိုက်မိလိုက်ရင် အပင်ပေါက်ဖို့ အခက်အခဲဖြစ်သွားပါလိမ့်မယ်။

အဆင့် ၃

ပန်းအိုး အလွတ်တစ်လုံးကို ရှာပါ။ သဘာဝ မြေသြဇာ၊ မြေကြီးတွေနဲ့ ထည့်ပါ။ အစေ့ကို မြေကြီးထဲ ဖြည်းဖြည်းဝင်သွားအောင် ညင်သာစွာ တွန်းပြီး ထည့်ပါ။ အစေ့ရဲ့ အပေါ်ပိုင်းကို မြေပေါ်ပေါ်နေအောင် ထားပါ။

အဆင့် ၎

ကိုယ့်ပန်းအိုးကို နေရောင်ရတဲ့နေရာမှာ ထားပါ။ ဒါပေမယ့် နေရောင်ချည်တိုက်ရိုက်ထိတွေ့တဲ့နေရာ နေကျဲကျဲတောက်ပူနေတဲ့နေရာတွေမှာ မထားပါနဲ့။ မဟုတ်ရင် အစေ့ကနေ အပင်မပေါက်နိုင်ဘဲ ဖြစ်နေပါလိမ့်မယ်။ နေရောင် အသင့်အသင့် ရတဲ့နေရာမှာဘဲ ထားပါ။ ၂ ရက်ကို ၁ ခါလောက် အစေ့ထည့်ထားတဲ့ မြေကြီးကို စစ်ဆေးပါ။ ရေလိုနေသလား၊ မြေကြီးက ခြောက်နေသလား၊ စိုစွတ်နေသလား ကြည့်ပါ။

79944952_1afcddfddc_b-750x563

အဆင့် ၅

အစေ့ကနေ အညှောင့်ထွက်လာဖို့ ၂ လလောက် အချိန်ယူရပါတယ်။ အစေ့မှာ အက်ကွဲရာလေးတွေဖြစ်လာရင် အညှောင့်လေးတွေထွက်လာဖို့ နီးလာပါပြီ။ အစေ့အောက်ခြေမှာ အမြစ်သေးသေးလေးတွေ ထွက်လာပါလိမ့်မယ်။

22379584711_a6030ecc31_k-750x563

အဆင့် ၆

ကိုယ့်ပန်းအိုးထဲက ထောပတ်ပင်လေးက အရွက်လေးတွေပါ ဖြစ်လာပြီဆိုရင် ၁ နှစ်ပြည့်တဲ့အခါမှာ မြေနေရာလွှတ်တဲ့နေရာနဲ့ မြေဆီလွှာကောင်းတဲ့နေရာမှာ ရွှေ့ပြောင်း စိုက်နိုင်ပါပြီ။ မထွက်တော့ဘူးဆိုရင်တော့ အစကနေ ပြန်စိုက်ရမှာဖြစ်ပါတယ်။ ဒီအရွယ်မှာ လိုအပ်ရင် ရေကို နေ့တိုင်းလောင်းပေးပြီး သဘာဝ မြေသြဇာလေးတွေ ကျွေးပေးပါ။ ထောပတ်သီးပင်တွေက နိုက်ထရိုဂျင်ဓာတ်တွေ လိုအပ်ပါတယ်။

5151904516_923bbd0e28_b-750x563

အဆင့် ၇

၁ နှစ်ကျော်သွားရင်တော့ ထောပတ်သီးပင်က တဖြည်းဖြည်း အရွယ်ရောက်လာပြီး သိပ်ဂရုစိုက်ဖို့မလိုတော့ပါဘူး။ ထောပတ်ပင်က ၅ နှစ်လောက်မှာ စပြီး အသီးသီးလာပြီး ၁၀ နှစ်လောက်အထိ သီးနိုင်ပါတယ်။ အသက် ၇ နှစ်အထက်ဆိုရင်တော့ ဆောင်းတွင်းမှာ အသီးသီးဖို့ အပွင့်ပွင့်ချိန် နောက်ကျတာ၊ နည်းလာတယ်ဆိုရင် မြေကြီးကို နိုက်ထရိုဂျင်ဓာတ် ကျွေးပေးသင့်ပါတယ်။

22234975185_a4d44361ce_k-750x563

စိုက်နည်းအဆင့်ဆင့် သေချာ ရှင်းအောင် သိချင်ရင် အောက်မှာ youtube link လေးပေးထားတယ်နော်။