မင်္ဂလာပါနော်။ လတ်ဆတ်ပြီး အရသာလည်းရှိသလို ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ ခရမ်းချဉ်သီးကို အိမ်မှာပဲ အိုးလေးနဲ့ စိုက်ကြရအောင်ပါ။
သဘာဝအတိုင်းပဲ စိုက်မှာဆိုတော့ ကျန်းမာရေးအတွက် စိတ်ပူစရာမလိုတော့ဘူးပေါ့။
လိုအပ်တဲ့ပစ္စည်း
မြေသြဇာကောင်းတဲ့ မြေ
မျိုးစေ့
လက်အိတ်
အပေါ်ကအုပ်မယ့် စာရွက် (သို့) ပလတ်စတစ်ရွက်
ရေဖြန်းလို့ရမယ့်စပရေးဘူး
အခွက်လေးတွေပါတဲ့ ဗန်း
ခရမ်းချဉ်သီးလို့ ရေးထားတဲ့ အချောင်းတစ်ခု
မြေကော်လို့ရတဲ့ ဂေါ်ပြား
အဆင့် ၁
အရင်ဆုံး မြေဆီလွှာကောင်းတဲ့ မြေသားနုနုလေးတွေ အခွက်လေးတွေပါတဲ့ ဗန်းထဲထည့်လိုက်ပါ။
အဆင့် ၂
တွင်းသေးသေးလေးတွေ တူးပြီး မျိုးစေ့တွေထည့်လိုက်ပါ။
အဆင့် ၃
ရေလေး နည်းနည်းဖြန်းလိုက်ပါ။ ပြီးရင် နာမည်ရေးထားတဲ့ အပြားကို တင်ထားလိုက်ပါ။
အဆင့် ၄
အပေါ်မှာ အုပ်မယ့် အရွက်နဲ့ အုပ်လိုက်ပါ။ မှောင်ပြီးအလင်းရောင်မရတဲ့အချိန်ဆိုရင် ဖယ်ထားလိုက်ပါ။ ခရမ်းချဉ်သီးက နေရောင်ကြိုက်ပေမယ့် အပင်မပေါက်ခင်တော့ နေရောင်အရမ်းမကြိုက်ပါဘူး။ တက်လို့ အပင်ပေါက်လာပြီဆိုရင်ဖယ်လိုက်ပါ။
အဆင့် ၅
အပင်ပေါက်လာမပေါက်လာကို သေချာလေး စစ်ဆေးနေပါ။
အပင်ပြောင်းစိုက်သည့်အရွယ်ရောက်လာတဲ့အခါ လိုအပ်တဲ့ ပစ္စည်းများ
လက်အိတ်
မြေဆီလွှာကောင်းတဲ့ မြေသားများ
မြေဆွပေးတဲ့ဂေါ်ပြား
ဝါးတုတ်ချောင်း
ကျောက်ခဲများ
အိုး
အပင်ဖြန်းဖို့ စပရေးဘူး
အဆင့် ၆
အပင်ပြောင်းစိုက်ဖို့အတွက် မြေဆီလွှာတွေကို ပြင်ဆင်ပါ။
အဆင့် ၇
အိုးရဲ့ အောက်ဖက်မှာ ခဲလုံးကိုထည့်လိုက်ပါ။
အဆင့် ၈
ပြင်ဆင်ထားတဲ့ မြေတွေကို အိုးထဲထည့်လိုက်ပါ။
အဆင့် ၉
ပျိုးပင်လေးတွေကို ဂရုတစိုက် သေချာနှုတ်ပေးပါ။ အမြစ်ကို အရမ်းအဆွဲဘဲ ခပ်ဖွဖွလေးနှုတ်ပါ။
အဆင့် ၁၀
ပြီးရင် အိုးအကြီးထဲ ပြောင်းစိုက်ပါ။
အဆင့် ၁၁
ရေနည်းနည်းဖြန်းလိုက်ပါ။ ခရမ်းချဉ်သီးဟာ ရေနဲ့ နေကို ကြိုက်ပါတယ်။
အဆင့် ၁၂
ခရမ်းချဉ်သီးဟာနေ့စဥ ၈ နာရီလာက်နေလိုအပ်ပါတယ်။ မနက်စောစော ရေဖြန်းပါ။
ပြီးရင် ဒီအတိုင်းလေး ဂရုစိုက်ပေးသွားပါ။
အဆင့် ၁၃
မှည့်လာရင် ခူးစားလို့ရပါပြီနော်။
Credit : fabhow.com