အားလုံးပဲမင်္ဂလာပါနော်။ ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး အရသာလည်းရှိသလို မြင်လိုက်တာနဲ့ သောက်ချင်စဖွယ် ဘလူးဘယ်ရီသီး Smoothie ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • နို့ အစိမ့် ၁ ခွက်
  • ငှက်ပျောသီး ၁ လုံး
  • ဘလူးဘယ်ရီ ၁ ခွက်
  • ဟင်းနုနွယ်ရွက် (မထည့်လည်းရပါတယ်။) လက် ၁ စုပ်စာ
  • ရေခဲအနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး Blender ထဲကို ဘလူးဘယ်ရီသီး အရင်ထည့်လိုက်ပါ။ ပြီးရင် ငှက်ပျောသီးထည့်လိုက်ပါ။ သေချာလေး Blend လုပ်ပေးပါ။ အဲဒီနောက် နို့ထည့်ပါ။ သေချာ Blend လုပ်ပေးပါ။

ဟင်းနုနွင်ရွက်အနုလေးတွေကို ထည့်လိုက်ပါ။ သေချာလေး Blend လုပ်ပေးပါ။ ခွက်ထဲထည့်ပြီး သောက်လို့ရပါတယ်။

Source: www.fabhow.com

By: MyFood Myanmar