အားလုံးပဲမင်္ဂလာပါနော်။ ဆန်းဒဝှစ်က နာမည်ကျော် အစားအစာဖြစ်သလို မြန်မာနိုင်ငံမှာလည်း ကလေး၊ လူကြီးမရွေးကြိုက်ကြတဲ့ အစားအစာတစ်ခုပါ။ မနက်စာအဖြစ်လည်းစားကြသလို သွားရေစာအဖြစ်လည်း စားသုံးကြပါတယ်။

ကြက်ဥပြုတ် ဆန်းဒဝှစ်လုပ်ရတာ သိပ်တော့မခက်ပါဘူး။ အရသာလည်းရှိပြီး မိမိဘာသာ အိမ်မှာလုပ်မယ်ဆိုရင်တော့ ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်မှာပါ။

ပါဝင်ပစ္စည်း

  • ကြက်ဥ အကျက် အခွံနွှာပြီး ၃ လုံး
  • Mayonnaise လက်ဖက်ရည်ဇွန်း ၂ ဇွန်းမှ ၃ ဇွန်းအထိ
  • ကြက်သွန်နီ အတုံးသေးသေးလေးလှီးပါ။ လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ခရမ်းချဉ်သီး အတုံးသေးသေးလှီးပါ လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ငရုတ်ပွသီးအစိမ်း အတုံးသေးသေးလှီးပါ လက်ဖက်ရည်ဇွန်း ၃ ဇွန်း ခန့်

  • ငရုတ်သီးအစပ် အနည်းငယ်
  • ချိစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ထောပတ် အနည်းငယ်
  • ပေါင်မုန့် ၄ ချပ်

ပြုလုပ်နည်း

ခွက်တစ်လုံးထဲကို ကြက်ဥထည့်လိုက်ပြီး သေချာလေး ပြဲသွားအောင် လုပ်လိုက်ပါ။

Mayonnaise ထည့်ပေးပါ။ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကနေ ၃ ဇွန်းအထိထည့်နိုင်ပါတယ်။ ပြီးရင်တော့ ထပ်ပြီးနယ်ပေးလိုက်ပါ။

ကြက်သွန်နီထည့်မယ်။

ခရမ်းချဉ်သီးထည့်မယ်။

ငရုတ်ပွသီးထည့်မယ်။ ငရုတ်သီးထည့်မယ်။

ဆားနဲ့ ငရုတ်ကောင်းမှုန့်ထည့်မယ်။

သေချာနယ်ပေးလိုက်ပါ။

ချိစ်ထည့်ပေးပါ။ သေချာနယ်ပေးပါ။

ပေါင်မုန့်ကို ဘေးအသားလေးတွေလှီးလိုက်ပါ။ မလှီးလည်း ကိစ္စတော့မရှိပါဘူး။ ထောပတ်သုပ်လိုက်ပါ။

စောစောကနယ်ထားတဲ့ အစာပလာတွေကိုအပေါ်ကနေ တင်လိုက်ပါ။ ချိစ်နည်းနည်းဖြူးပါ။

အပေါ်ကနေ ထောပတ်သုပ်ထားတဲ့ ပေါင်မုန့်ချပ်ကို အုပ်ပေးလိုက်ပါ။

ကြက်ဥပြုတ် ဆန်ဒဝှစ်လေး လုပ်စားရအောင်

ဒါဆိုရင်သုံးဆောင်လို့ရပါပြီနော်။

Source: www.fabhow.com

By: MyFood Myanmar