အားလုံးပဲမင်္ဂလာပါနော်။ ခရမ်းရောင်အစင်းလေးနဲ့ အရောင်လေးလည်းလှသလို အရသာရှိတဲ့ ဂေါ်ဖီနီသုပ်လေး လုပ်စားလို့ရအောင် မျှဝေပေးချင်ပါတယ်။
ဝိတ်ကျချင်တဲ့ မမတွေ ညီမလေးတွေအတွက်လည်း အဆင်ပြေတဲ့ အစားအစာလေးဖြစ်မှာပါ။
ပါဝင်ပစ္စည်း
- ဂေါ်ဖီနီ ပါးပါးလှီး ၁ ခွက်
- လိမ္မော်သီး ၁ လုံး
- လိမ္မော်ရည် စားပွဲတင်ဇွန်း ၄ ဇွန်းမှ ၆ ဇွန်းအထိ
- နိုကိုဥ တောက်တောက်စဉ်း ၁ ခွက်
- စွံပလွံသီး ၆ လုံး
- ပင်စိမ်းရွက်အနည်းငယ်
- သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းမှ ၄ ဇွန်း
ပြုလုပ်နည်း
အရင်ဆုံး လိမ္မော်သီးကို အခွံနွှာလိုက်ပါ။ ၅ စိတ် ၆ စိတ်လောက်ဖယ်ထားပါ။
ကျန်တဲ့ လိမ္မော်စိတ်တွေကို အရည်ညှစ်လိုက်ပါ။ စားပွဲတင်ဇွန်း ၄ ဇွန်းမှ ၆ ဇွန်းလောက်အထိလိုပါတယ်။
ဂေါ်ဖီနီကို ပါးပါးလှီးလိုက်ပါ။
နိုကိုဥကို ခြစ်လိုက်ပါ။ (တကယ်လို့ နိုကိုဥမရှိရင်လည်း မုန်လာဥနီ ထည့်လို့ရပါတယ်)
စွံပလွံသီးတွေကိုလည်း ပါးပါးလှီးလိုက်ပါ။
ပါးပါးလှီးထားတဲ့ ဂေါ်ဖီပေါ်ကို လိမ္မော်သီးအစိတ်လေးတွေတင်ပေးလိုက်ပါ။
ပြီးရင်နိုကိုဥလေး အပေါ်ကနေ ထည့်လိုက်ပါ။
ပင်စိမ်းရွက် နဲ့ စွံပလွံသီး နည်းနည်းထည့်လိုက်ပါ။
လိမ္မော်ရည်အပေါ်ကနေ စမ်းပေးလိုက်ပါ။
သံလွင်ဆီလေး နည်းနည်းဆမ်းပေးလိုက်ပါ။
ပြီးရင်တော့ အသင့်သုံးဆောင်နိုင်ပါပြီနော်။
Source: www.fabhow.com