အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ တောင်ကိုရီးယား နာမည်ကျော် အစားအစာတစ်ခုဖြစ်တဲ့ ကင်ချီပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။ မိမိအိမ်မှာပဲ ကျန်းမာရေးနဲ့ ညီညွတ်အောင်ပြုလုပ်လို့ရတယ်ဆိုတော့ စာဖတ်သူတို့ အကြိုက်တွေ့ကြမှာပါနော်။

ဘယ်လိုလုပ်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

ပါဝင်ပစ္စည်း

  • မုန်ညှင်းထုပ်
  • ကြက်သွန်မြိတ်
  • မုန်လာဥဖြူ (ကြိုက်ရင်ထည့်ပါ)
  • ကြက်သွန်ဖြူ
  • ငရုတ်သီးအနှစ် / ငရုတ်သီးမှုန့်

  • ဂျင်း
  • ငါးငံပြာရည်
  • ဆားမှုန့်
  • ငရုတ်ကောင်းမှုန့်

ပြုလုပ်နည်း

မုန်ညှင်းဖြူ တစ်ထုပ်ကို ခပ်ပါးပါးလေး လေးထောင့်ပုံ လှီးလိုက်ပါ။

ဆားနဲ့ မုန်ညှင်းဖြူကို နယ်ပေးလိုက်ပါ။ သေချာနှံ့စပ်အောင်နယ်ပေးပြီး ရေနည်းနည်းထည့်လိုက်ပါ။ တစ်နာရီလောက် နှပ်ထားပါ။

နှပ်ထားတဲ့အချိန်မှာ ငရုတ်၊ ဆား၊ ကြက်သွန်ဖြူ၊ ဂျင်း ၊ ရေနည်းနည်းနဲ့ နယ်ပေးလိုက်ပါ။ အသင့်လုပ်ပြီးသား ငရုတ်သီးအနှစ်ဆိုရင်လည်း ဆား၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ရေနည်းနည်းထည့်ပေးပါ။

မုန်လာဥဖြူကိုလည်း အခွံနွှာပြီး ခပ်ပါးပါးလှီးလိုက်ပါ။ ကြက်သွန်မြိတ်ကိုလည်း လှီးလိုက်ပါ။ စောစောက နှပ်ထားတဲ့ မုန်ညှင်းဖြူကို ရေသေချာဆေးလိုက်ပါ။

ပြီးရင်တော့ ပါဝင်ပစ္စည်းတွေအားလုံးကို အတူထည့်လိုက်ပြီး သေချာနယ်ပေးလိုက်ပါ။ လက်အိတ်ဝတ်ပေးပါ။

ပြီးရင်တော့ ဘူးတစ်ခုထဲ ထည့်ပြီး သိပ်ထားပေးပါ။ (၁ရက်မှ ၅ ရက်အထိ သိပ်ထားပေးနိုင်ပါတယ်။)

မိမိနှစ်သက်တဲ့ အချဉ်အနေအထားရပြီဆိုရင်တော့ စားလို့ရပါပြီနော်။

Source: www.thekitchn.com

By: MyFood Myanmar