အားလုံးပဲမင်္ဂလာပါနော်။ ကြက်ဥဟင်းချို ပူပူလေးချက်စားကြရအောင်။

ထမင်းစားတဲ့အခါ အရည်မပါဘဲစားရင် ခြောက်ကပ်ကပ်ကြီးနဲ့ စားရတာ ခံတွင်းမမြိန်လှပါဘူး။ဒါ့ကြောင့် ခြောက်ကပ်ကပ်ကြီးမဖြစ်စေဘဲ အားလည်းရှိ အရသာလည်းရှိတဲ့ ကြက်ဥဟင်းချိုချက်နည်းလေးကို မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ကြက်စွပ်ပြုတ်ရည် ၄ ခွက်
  • ကြက်ဥ ၃ လုံးမှ ၄ လုံး (ခလောက်ထားပါ)
  • ပဲငံပြာရည် အနည်းငယ်
  • ဆီ၊ ဆားအနည်းငယ်
  • ကြက်သွန်မြိတ် အနည်းငယ် ပါးပါးလှီးပါ

ပြုလုပ်နည်း

အရင်ဆုံး စွပ်ပြုတ်ရည်ကို အပူပေးလိုက်ပြီး ကြက်ဥထည့်လိုက်ပါ။ ပြီးရင် ပဲငံပြာရည်နဲ့ ဆားထည့်လိုက်ပါ။ အဲဒီနောက် ဆူလာပြီဆိုရင်တော့ အပူချိန်ကို နည်းနည်းလျှော့ပြီး ကြက်ဥကို မွှေပေးလိုက်ပါ။

ခဏထားပြီး ဆီနည်းနည်းထည့်လိုက်ပါ။ အဲဒီနောက် ကြက်သွန်မြိတ်ထည့်ပြီး မီးဖိုပေါ်ကချကာ သုံးဆောင်လို့ရပါပြီ။

Source: www.mykoreankitchen.com

BY: MyFood Myanmar