အားလုံးပဲမင်္ဂလာပါနော်။ သရက်သီးမှည့်တွေ ပေါများတဲ့ ဒီလိုရာသီမှာ သရက်သီးရေခဲမုန့်လုပ်စားတာ အကောင်းဆုံးပါပဲ။

အရသာလည်းရှိပြီးပြုလုပ်ရတာလည်း သိပ်မခက်တဲ့ သရက်သီး ရေခဲမုန့် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်နော်။

ပြုလုပ်ပုံအဆင့်ဆင့်လည်း ပါတယ်ဆိုတော့ စာဖတ်သူတို့ အကြိုက်တွေ့ကြမယ်လို့ ယုံကြည်ပါတယ်။

ပါဝင်ပစ္စည်း

  • သရက်သီး ၂ လုံး
  • နို့ဆီ အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး သရက်သီးတွေကို အတုံးလေးတွေတုံးလိုက်ပြီး နို့ကို လိုအပ်သလောက်ထည့်လိုက်ပါ။

ပြီးရင် ဖျော်စက်နဲ့ သေချာကျိတ် ပေးလိုက်ပါ။

အဲဒီနောက် ခွက်ထဲထည့်ထားပြီး ရေခဲသေတ္တာထဲမှာ ခဲထားလိုက်ရုံပါပဲ။

ခဲသွားရင်တော့ အရသာရှိရှိ စားသုံးလို့ရပါတယ်နော်။

 

Source: www.fabhow.com

By: MyFood Myanmar