အားလုံးပဲမင်္ဂလာပါနော်။ ငါးဖယ်အသားလုံးကြော်ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။
ကိုရီးယား စတိုင်လ် ငါးဖယ်အသားလုံးကြော်ပြုလုပ်နည်းလေးဖြစ်ပါတယ်နော်။ စာဖတ်သူတို့ နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်။
ပါဝင်ပစ္စည်း
- ငါးဖယ် (အရိုးနွှင်ပြီးသားငါး)
- ပုစွန် အခွံနွှင်ပြီးသား အနည်းငယ်
- ပြည်ကြီးငါး အနည်းငယ်
- ကြက်သွန်နီအနည်းငယ်
- မုန်လာဥနီ အနည်းငယ်
- ငရုတ်သီးအနီအနည်းငယ်
- ကြက်သွန်မြိတ်အနည်းငယ်
- ကြက်ဥအကာ ၁ လုံး
- သကြားအနည်းငယ်
- ဆားအနည်းငယ်
- အာလူးကော်မှုန့် (ပြောင်းဖူးကော်မှုန့်) စားပွဲတင်ဇွန်း ၂ ဇွန်း
- နှစ်သက်ရာ ဆန်မှုန့် (သို့) ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
- ဆီ အနည်းငယ်
ပြုလုပ်နည်း
ငါး၊ ပြည်ကြီးငါး၊ ပုစွန်တို့ကိုသေချာဆေးပေးလိုက်ပါ။ ပြီးရင်တော့ အခြောက်ခံပေးလိုက်ပါ။
အဲဒီနောက် ကျိတ်စက်ထဲထည့်ပြီး ကျိတ်လိုက်ပါ။
အဲဒီနောက် တခြားပါဝင်ပစ္စည်းတွေဖြစ်တဲ့ မုန်လာဥနီ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ကြက်ဥအကာ၊ သကြား၊ ဆား၊ အာလူးကော်မှုန့်၊ ဂျုံမှုန့်တို့ကိုလည်းလိုက်ပြီး သေချာမွှေလိုက်ပါ။
ပြီးရင်တော့ သေချာလုံးပေးလိုက်ပြီး ဆီပူပူထဲမှာထည့်ကြော်ပေးလိုက်ရုံပါပဲ။
ရသွားပြီဆိုရင်တော့ သုံးဆောင်လို့ရပါပြီနော်။
Source: www.mykoreankitchen
By: MyFood Myanmar