အားလုံးပဲမင်္ဂလာပါနော်။ ပန်ကိတ် (Pancake) လုပ်ရတာ ထင်သလောက်မခက်ပါဘူး။ ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းကို အသုံးပြုလို့ရပါတယ်။

ဗိုက်အရမ်းဆာနေတဲ့အချိန်မှာ အရသာအပြည့်ရှိတဲ့ ပန်ကိတ်ကို စားလိုက်ရရင်တော့ သင့်ရဲ့ လိုအပ်တွေ ပြည့်ဝသွားမယ်လို့ ယုံကြည်ပါတယ်။

ဘယ်လိုလုပ်မလဲ ကြည့်လိုက်ရအောင်နော်။

ပါဝင်ပစ္စည်း

  • ဆန်မှုန့် (သို့) ဂျုံမှုန့် ၂ ခွက်
  • မုန့်ဖုတ်ပေါင်ဒါ (ပွဆေး) လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • မုန့်ဖုတ်ဆိုဒါ (Baking Soda) လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား အနည်းငယ်
  • ကြက်ဥ ၂ လုံး

  • နို့ ၂ ခွက်
  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • Vanilla စားပွဲတင်ဇွန်း တစ်ဝက်
  • အစားအသောက်ကို အရောင်ထွက်စေတဲ့ (Food Coloring) (မထည့်လည်းရပါတယ်။)

ပြုလုပ်နည်း

ကြက်ဥကို ခွဲလိုက်ပြီး သေချာမွှေပေးလိုက်ပါ။

နို့ထည့်ပါ။

ထောပတ်အရည်ပျော်အောင်ထားပြီးထည့်ပါ။ သေချာမွှေလိုက်ပါ။ Vanilla ထည့်ပါ။

ဆန်မုန့် (သို့) ထောပတ်မှုန့်ကို ဇကာနဲ့ သေချာလေး စစ်ပေးလိုက်ပါ။

ပြီးရင်တော့ ပွဆေးထည့်ပါ။ ပြီးရင်တော့ မုန့်ဖုတ်ဆိုဒါ (Baking Soda) နည်းနည်းထည့်ပါ။

ဆားနည်းနည်းထည့်ပါ။ သကြားထည့်ပါ။

သေချာမွှေလိုက်ပါ။

စောစောက ကြက်ဥတို့ရောထားတာကို ထည့်ပါ။

သေချာမွှေပေးလိုက်ပြီး ရေခဲသေတ္တာထဲ ၁၀ မိနစ်လောက်ထည့်ထားပါ။

အရောင်အမျိုးမျိုး စားချင်ရင် အရောင်ထွက်စေတဲ့ Food Coloring ကို သုံးနိုင်ပါတယ်။

ပန်အိုးကို အပူပေးလိုက်ပါ။

ထောပတ်သုတ်ပါ။

နယ်ထားတာတွေကို အနေတော်ထည့်ပြီး ကြော်ပေးပါ။

မီးအေးအေးနဲ့ ၃ မိနစ် ၄ မိနစ်လောက်ပဲ ကြော်ပေးပါ။

တစ်ဖက်ကိုလှည့်ပေးပါ။

၂ မိနစ် ၃ မိနစ်လောက်ထားပြီးရင်တော့ ရပါပြီနော်။

နူးညံ့ပြီး အရသာရှိတဲ့ Pancake ကိုအိမ်မှာပဲ အလွယ်တကူ လုပ်စားရအောင်

အပေါ်ကနေ ပျားရည် (သို့) အနှစ်တစ်ခုခု ဖြူပေးပြီး သုံးဆောင်နိုင်ပါတယ်။

Source: www.fabhow.com

By: MyFood Myanmar