အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အာလူးကိုခြစ်ပြီး အရသာရှိရှိအိမ်မှာ အလွယ်တကူ ကြော်စားလို့ရတဲ့ နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။
အာလူးဆိုကြိုက်ပြီးသားသူတွေကော အစားသိပ်မစားချင်တဲ့ သင့်ရဲ့ ကလေးအတွက်ရော အရသာရှိတဲ့ အာလူးခြစ်ကြော်ပြုလုပ်နည်းကိုမျှဝေပေးချင်ပါတယ်။
အိမ်မှာပဲအလွယ်တကူ ပြုလုပ်လို့ရတာမို့ စာဖတ်သူတို့အကြိုက်တွေ့ကြမှာပါနော်။
ပါဝင်ပစ္စည်း
- အာလူးအကြီး ၁ လုံး
- ထောပတ်အနည်းငယ်
- ဆားအနည်းငယ်
- ငရုတ်ကောင်းမှုန့်အနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံးအာလူးကို ရေသေချာဆေးလိုက်ပြီး အခွံနွှာလိုက်ပါ။
ပြီးရင်တော့ အာလူးကို သေချာလေးခြစ်ပေးလိုက်ပါ။
ရေနဲ့သေချာဆေးလိုက်ပြီး ရေဆစ်လိုက်ပါ။
ပြီးရင်တော့ ထောပတ်ကို အိုးထဲထည့်ပြီး အပူပေးလိုက်ကာ အာလူးကိုထည့်ကြော်လိုက်ပါ။
ဆားနည်းနည်း၊ ငရုတ်ကောင်းမှုန့်နည်းနည်းထည့်လိုက်ပါ။
ပြီးရင်တော့ ဟိုဖက်ဒီဖက်ကျက်အောင်ကြော်ပေးလိုက်ပြီး ခပ်ပါးပါးလှီးပေးကာ သုံးဆောင်နိုင်ပါပြီ။
Source: www.fabhow.com
By: MyFood Myanmar