အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အာလူးကိုခြစ်ပြီး အရသာရှိရှိအိမ်မှာ အလွယ်တကူ ကြော်စားလို့ရတဲ့ နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။

အာလူးဆိုကြိုက်ပြီးသားသူတွေကော အစားသိပ်မစားချင်တဲ့ သင့်ရဲ့ ကလေးအတွက်ရော အရသာရှိတဲ့ အာလူးခြစ်ကြော်ပြုလုပ်နည်းကိုမျှဝေပေးချင်ပါတယ်။

အိမ်မှာပဲအလွယ်တကူ ပြုလုပ်လို့ရတာမို့ စာဖတ်သူတို့အကြိုက်တွေ့ကြမှာပါနော်။

ပါဝင်ပစ္စည်း

  • အာလူးအကြီး ၁ လုံး
  • ထောပတ်အနည်းငယ်
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံးအာလူးကို ရေသေချာဆေးလိုက်ပြီး အခွံနွှာလိုက်ပါ။

ပြီးရင်တော့ အာလူးကို သေချာလေးခြစ်ပေးလိုက်ပါ။

ရေနဲ့သေချာဆေးလိုက်ပြီး ရေဆစ်လိုက်ပါ။

ပြီးရင်တော့ ထောပတ်ကို အိုးထဲထည့်ပြီး အပူပေးလိုက်ကာ အာလူးကိုထည့်ကြော်လိုက်ပါ။

ဆားနည်းနည်း၊ ငရုတ်ကောင်းမှုန့်နည်းနည်းထည့်လိုက်ပါ။

အာလူးခြစ်ကြော်ကို အိမ်မှာအလွယ်တကူလုပ်စားကြရအောင်

ပြီးရင်တော့ ဟိုဖက်ဒီဖက်ကျက်အောင်ကြော်ပေးလိုက်ပြီး ခပ်ပါးပါးလှီးပေးကာ သုံးဆောင်နိုင်ပါပြီ။

Source: www.fabhow.com

By: MyFood Myanmar