ဒူးနာတာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ တချို့က အသက်အရွယ်ကြီးမြင့်တာကြောင့် ဒူးနာတာရှိသလို၊ အားနည်းလို၊ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာကြောင့်လည်း ဖြစ်တတ်ပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ ပရိုတင်းဓာတ်၊ အဆီဓာတ်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒူးနာတာကို သက်သာဖို့အတွက် ထောပတ်သီးအစေ့ကိုဘဲ အသုံးပြုပါမယ်။ ထောပတ်သီးစေ့ကို ခြောက်သွေ့ပြီး အေးမြတဲ့နေရာမှာထားပါ။ ပြီးရင် အမှုန့်ဖြစ်အောင် ထောင်းပါ။ အဲ့ဒီအမှုန့်ကို ပျားရည်ပူပူနဲ့ ပျစ်ပျစ်လေးဖြစ်အောင် လုပ်ပါ။ အဲ့ဒီအရည်ကို ဒူးနာတဲ့နေရာကို လမ်းပေးပါ။ ဒူးနာတာ သက်သာသွားပါလိမ့်မယ်။

သံပုယိုသီး

သံပုယိုသီးက ကျန်းမာရေးအတွက်အသုံးတည့်တဲ့အသီးဖြစ်ပါတယ်။ ဒူးနာနေရင် သံပုယိုသီးကို တစ်ခြမ်းခြမ်းပြီး နာနေတဲ့နေရာကို ပွတ်ပေးပါ။ အဆစ်အမြစ်တွေရောင်နေတာ၊ နာနေတာကိုသက်သာပျောက်ကင်းအောင် ကူညီပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ် အနှစ်ကို ယူပြီး လိမ္မော်သီးအခွံနဲ့ ဖျော်စက်ထဲ ဖျော်ပါ။ ပျားရည်တစ်ခွက်နဲ့ ရောပြီး ရွံ့မြေ (Red Clay)နည်းနည်းထည့်ကာ မွှေလိုက်ပါ။ ပြီးရင် ဒီအနှစ်နဲ့ ဒူးခေါင်းကို လိမ်းပြီး မိနစ်၃၀လောက် ပတ်တီးစည်းထားပါ။ ပြီးမှ ရေအေးနဲ့ ဖယ်လိုက်ပါ။

ရေနွေးနဲ့ ကပ်ပါ

အဆစ်အမြစ်ရောင်တာတို့၊ ဒူးနာတို့ဆို ရေနွေးနဲ့ကပ်ရင် နာကျင်တာတွေ သက်သာစေပါတယ်။ နာနေတဲ့နေရာကို ၁၅ မိနစ်လောက်ကပ်ပေးပါ။