[Unicode]
ကျွဲကောသီးက အလုံးကြီးပြီး အခွံထူတာကြောင့် နွှာရခက်တယ်လို့ထင်ရပါတယ်။ ဒါပေမယ့် နည်းလမ်းသိသူတွေအတွက်တော့ လွယ်လွယ်လေးပါပဲ။
အဆင့် ၁
ကျွဲကောသီးရဲ့ ထိတ်ပိုင်း လက်မဝက်လောက်ကို ဓါးနဲ့ ဖြတ်လိုက်ပါ။
အဆင့် ၂
ကျွဲကောသီးအခွံကို တစ်ခြမ်းချင်းဆီ အရာပေးပါ။ အဲဒီလိုပေးတဲ့နေရာမှာ အတွင်းသားကိုမထိအောင် ပေးရမှာဖြစ်ပါတယ်။
အဆင့် ၃
အရာပေးပြီးရင် လက်နဲ့ဘဲ အခွံတွေကို ဖယ်ပေးလိုက်ပါ။
အဆင့် ၄
လက်ချောင်း ၅ ချောင်းလုံးကိုအသုံးပြုပြီး အလယ်ကနေ ပိုင်းလိုက်ပါ။ ဓါးကိုသုံးပြီး ဖယ်ရင်လည်းရပါတယ်။
အဆင့် ၅
အသီးရဲ့ တစ်ခြမ်းချင်းဆီကို အခွံနွှာပြီး ငရုတ်သီးမှုန့် ဆား သကြား တို့ရောပြီး တို့စားနိုင်သလို သုပ်စားနိုင်ပါတယ်။
အချိုသီးဆိုရင် ဒီအတိုင်းတောင်စားလို့ရပါသေးတယ်။
[Zawgyi]
အဆင့် ၁
အဆင့် ၂
အဆင့် ၃
အဆင့် ၎
အဆင့် ၅