တန်ဆေး လွန်ဘေးဆိုတဲ့ စကားလုံးလေးအတိုင်းပဲ အစားအစာများကို သင့်တင့်မျှတစွာ စားသုံးခြင်းက ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။ ဒီတစ်ခါမှာလည်း ဘယ်လိုအစားအစာကို သင့်တင့်မျှတစွာ စားသုံးပေးမယ်ဆိုရင် ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေ ခံစားရမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

စာဖတ်သူအနေနဲ့ ငရုတ်ကောင်းမှုန့်ကို နေ့စဉ်စားသုံးပေးမယ်ဆိုပါက….

ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

ငရုတ်ကောင်းထဲမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ Piperine လို့ခေါ်တဲ့ ဒြပ်ဝတ္ထုတစ်မျိုးပါဝင်ပါတယ်။ ထိုဒြပ်က ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကို လျော့ချပေးပါတယ်။ ငရုတ်ကောင်းနဲ့ နနွင်းမှုန့်တို့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ နှစ်ဆပိုမိုအစွမ်းထက်တာကို တွေ့မြင်ရပါလိမ့်မယ်။

အစာချစနစ်ကို လှုံ့ဆော်ပေးခြင်း

စောစောကဖော်ပြခဲ့တဲ့ Piperine ဒြပ်ကပဲ အစာအိမ်ကို အစာကောင်းမွန်စွာ ချေဖျက်ပေးနိုင်အောင် လှုံ့ဆော်ပေးတာပဲဖြစ်ပါတယ်။ အစာချေတာ မြန်တဲ့အတွက်ကြောင့် အစာမှရရှိတဲ့ စွမ်းအင်ကို ပိုမိုလျင်မြန်စွာ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

အအေးမိ၊ ချောင်းဆိုးခြင်းကို သက်သာစေခြင်း

ရာသီဥတု အကူးအပြောင်းကြောင့် အအေးမိ၊ ချောင်းဆိုး၊ နှာစေးလာပြီဆိုရင်တော့ ငရုတ်ကောင်းကိုသာ သတိရလိုက်ပါ။ အအေးမိခြင်းကို အမြန်ဆုံး သက်သာစေချင်တယ်ဆိုရင်တော့ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ငရုတ်ကောင်း အနည်းငယ်ဖြင့် ရောသောက်ပေးလိုက်ပါ။

နောက်နည်းလမ်းတစ်မျိုးကတော့ ပျားရည်နဲ့ ငရုတ်ကောင်းကို ရေနွေးနွေးဖြင့် ရောစပ်က ဆေးဖက်ဝင်ရေနွေးကြမ်းအဖြစ် သောက်သုံးပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် လျော့ကျစေခြင်း

ငရုတ်ကောင်းရဲ့ ပြင်ပအလွှာထဲမှာ ခန္ဓာကိုယ်ရှိ အဆီပိုများကို ချေဖျက်ပေးနိုင်တဲ့ Photonutrients များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် ထမင်းစားတဲ့အချိန်တိုင်း ငရုတ်ကောင်းမှုန့် အနည်းငယ်ကို စားသုံးပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကျသွားမှာပဲဖြစ်ပါတယ်။

အသားအရေအလှအပကို ထိန်းသိမ်းပေးခြင်း

ငရုတ်ကောင်းမှုန့် စားသုံးခြင်းက အရွယ်တင်နုပျိုစေပြီး အရေးအကြောင်းများ ဖြစ်ပေါ်ခြင်း၊ ပါးရေတွန့်ခြင်းတို့ကို နှောင့်နှေးစေတယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။ ဒါ့အပြင် အသားအရေဝင်းပကြည်လင်ဖို့အတွက် ကြေးချွတ်တဲ့အခါမှာလည်း ငရုတ်ကောင်းမှုန့်ကို အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ အသားအရေကို ငရုတ်ကောင်းမှုန့်ချည်းနဲ့ပဲ တိုက်ရိုက်ပွတ်တိုက်ပေးတယ်ဆိုရင်တော့ အသားအရေလောင်စေတာကြောင့် Scrub တစ်မျိုးမျိုးနဲ့ ရောနှောပြီး ကြေးချွတ်နိုင်ပါတယ်။

Source: Foodeatsafe.com