ကလေးတွေ ကြိုက်နှစ်သက်မည့် ဒိန်ချဉ် နှင့် သီးနှံစုံ ရေခဲချောင်းလေး လုပ်စားရအောင်။

ပါဝင်ပစ္စည်းများ

Cold Heavy Cream ၁ ခွက်၏ တစ်ဝက်

Whole Milk Greek Yogurt ၂ ခွက်

ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်း ခွဲ

အသီးအနှံ ၃ ခွက်စာ (ကိုယ်ကြိုက်နှစ်သက်သည့် အသီးအနှံ)

ထည့်ချင်ရင် ချောကလပ် တို့နဲ့တခြားအရာတွေ ထည့်လို့ရပါတယ်။

ပြုလုပ်နည်း

အရင်ဆုံး Cream ကို ပျော့အိသွားတဲ့အထိ မွှေပါ။ ဒိန်ချဉ် နှင့် ပျားရည်ကို ရောပြီး မွှေပါ။

အသီးအနှံတွေ ဖြစ်သည့် ငှက်ပျောသီး၊ စတော်ဘယ်ရီသီး စသည့် ကိုယ်ကြိုက်တဲ့ အသီးအနှံများကို ထည့်ပြီး မွှေပါ။

ရေခဲချောင်း မို (Popsicle Molds) များကို ရေဆေးပြီး ခြောက်အောင် အဝတ်နဲ့ သုတ်ပါ။

ရေခဲချောင်း မိုထဲကို ခုနက Cream တွေ အသီးတွေနဲ့နယ်ထားတာနဲ့ထည့်ပါ။

ရေခဲသေတ္တာထဲက Freezer ထဲထည့်ပြီး အနည်းဆုံး ၄ နာရီလောက်အေးခဲထားပါ။

ရေခဲချောင်းကို မိုထဲက အလွယ်တကူ ထုတ်ချင်ရင် ၅ မိနစ်လောက် အခန်းအပူချိန်မှာ ထားပေးထားပါ။ သို့ ရေပေါက်ခေါင်းအောင်မှာ ရေနဲ့ ဆေးပြီး ဖြည်းဖြည်းချင်း ထုတ်လို့ရပါတယ်။

Photos Credit: The Work Of Life