အားလုံးပဲမင်္ဂလာပါနော်။ ခေါက်ဆွဲကြော် ကြိုက်ကြလားရှင့်။ ဒီတခါမှာတော့ ချဉ်ချဉ်စပ်စပ်လေးနဲ့ စားရတာ အရသာရှိတဲ့ ကင်မ်ချီခေါက်ဆွဲကြော် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ကိုးရီးယားခေါက်ဆွဲ ၂ ထုပ်
- ဝက်ပေါင်ခြောက်သား အနည်းငယ် (အနေတော်လှီးပါ)
- ကင်မ်ချီ တစ်ခွက် (ပါးပါးလှီးပါ)
- ကြက်သွန်နီအနည်းငယ် (ပါးပါးလှီးပါ)
- ဆီ
- ဆားအနည်းငယ်
ဆော့စ်လုပ်ရန်
- ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
- ကိုရီးယား ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း တစ်ဝက်
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူ တောက်တောက်စဉ်း အနည်းငယ်
- နှမ်းဆီအနည်းငယ်
- ရှလကာရည်အနည်းငယ်
တခြားပါဝင်ပစ္စည်းများ
- ကြက်ဥ ၂ လုံး
- ငရုတ်ကောင်းမှုန့်
- နှမ်းအနည်းငယ်
- ကြက်သွန်မြိတ်အနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး ခေါက်ဆွဲကို အနေတော်လောက်ပြုတ်လိုက်ပါ။
ပြီးရင် ဆီကိုအပူပေးလိုက်ပြီး ဝက်ပေါင်ခြောက်သားကို ေြက်ာလိုက်ပါ။
ပြီးရင်တော့ ကြက်သွန်ဖြူနဲ့ ကင်မ်ချီထည့်လိုက်ပါ။
အဲဒီနောက် ဆော့လ်ပါဝင်ပစ္စည်းတွေ ထည့်ပါ။
ပြီးရင် ခေါက်ဆွဲထည့်လိုက်ပါ။
သေချာမွှေပေးပြီး ကျန်တဲ့ ပါဝင်ပစ္စည်းတွေထည့်ပါ။
ကြက်သွန်မြိတ်ထည့်ပါ။
ကြက်ဥကို ပြုတ်တာဖြစ်ဖြစ်၊ ကြော်လိုက်တာဖြစ်ဖြစ်ရပါတယ်။
ပြီးရင်တော့ သုံးဆောင်နိုင်ပါပြီနော်။
Source: www.mykoreankitchen.com
By: MyFood Myanmar