အားလုံးပဲမင်္ဂလာပါနော်။ ခေါက်ဆွဲကြော် ကြိုက်ကြလားရှင့်။ ဒီတခါမှာတော့ ချဉ်ချဉ်စပ်စပ်လေးနဲ့ စားရတာ အရသာရှိတဲ့ ကင်မ်ချီခေါက်ဆွဲကြော် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ကိုးရီးယားခေါက်ဆွဲ ၂ ထုပ်
  • ဝက်ပေါင်ခြောက်သား အနည်းငယ် (အနေတော်လှီးပါ)
  • ကင်မ်ချီ တစ်ခွက် (ပါးပါးလှီးပါ)

  • ကြက်သွန်နီအနည်းငယ် (ပါးပါးလှီးပါ)
  • ဆီ
  • ဆားအနည်းငယ်

ဆော့စ်လုပ်ရန်

  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကိုရီးယား ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း တစ်ဝက်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

  • ကြက်သွန်ဖြူ တောက်တောက်စဉ်း အနည်းငယ်
  • နှမ်းဆီအနည်းငယ်
  • ရှလကာရည်အနည်းငယ်

တခြားပါဝင်ပစ္စည်းများ

  • ကြက်ဥ ၂ လုံး
  • ငရုတ်ကောင်းမှုန့်
  • နှမ်းအနည်းငယ်
  • ကြက်သွန်မြိတ်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ခေါက်ဆွဲကို အနေတော်လောက်ပြုတ်လိုက်ပါ။

ပြီးရင် ဆီကိုအပူပေးလိုက်ပြီး ဝက်ပေါင်ခြောက်သားကို ေြက်ာလိုက်ပါ။

ပြီးရင်တော့ ကြက်သွန်ဖြူနဲ့ ကင်မ်ချီထည့်လိုက်ပါ။

အဲဒီနောက် ဆော့လ်ပါဝင်ပစ္စည်းတွေ ထည့်ပါ။

ပြီးရင် ခေါက်ဆွဲထည့်လိုက်ပါ။

သေချာမွှေပေးပြီး ကျန်တဲ့ ပါဝင်ပစ္စည်းတွေထည့်ပါ။

ကြက်သွန်မြိတ်ထည့်ပါ။

ကြက်ဥကို ပြုတ်တာဖြစ်ဖြစ်၊ ကြော်လိုက်တာဖြစ်ဖြစ်ရပါတယ်။

ပြီးရင်တော့ သုံးဆောင်နိုင်ပါပြီနော်။

Source: www.mykoreankitchen.com

By: MyFood Myanmar