မီးဖိုချောင် နေ့တိုင်းဝင်နေရတဲ့ အိမ်ရှင်မများ၊ မိမိရဲ့အိမ်သူသက်ထားကို ကူညီပြီး မီးဖိုချောင်ဝင် ပြင်ဆင်ချက်ပြုတ်ပေးတဲ့ အိမ်ထောင်ရှင် အမျိုးသားများအနေနဲ့ ထမင်း ဟင်းချက်ပြုတ်ပြင်ဆင်တဲ့အခါ အရသာရှိတဲ့ ဟင်းပွဲများကို အချိန်တိုအတွင်း ပြင်ဆင်ချက်ပြုတ်ချင်ကြပါတယ်။

ဒီလိုအချိန်တိုအတွင်း ချက်ပြုတ်ပြင်ဆင်ချင်သူများအနေနဲ့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို သိထားမယ်ဆိုရင်တော့ သင့်ရဲ့မီးဖိုချောင်မှာ အချိန်အများကြီးဖြုန်းစရာမလိုတော့ပါဘူး။

နံနံပင်၊ ပင်စိမ်းရွက်ကဲ့သို့ ဟင်းရွက်များကို မြန်မြန်လှီးဖြတ်ချင်တယ်ဆိုရင်

အရွက်များကို ထပ်လိုက်ပြီးနောက် လိပ်လိုက်ပါ။ ထို့နောက် ထိုဟင်းရွက်လိပ်ကို ပါးပါးလှီးလိုက်ပါ။

ကြက်ဥပြုတ်၊ ဘဲဥပြုတ်များကို အလျင်အမြန်အခွံခွာချင်တယ်ဆိုရင်တော့

ကြက်ဥပြုတ်၊ ဘဲဥပြုတ်ကို ကွဲသွားအောင် ထုလိုက်ပါ။ ပြီးရင် လှိမ့်လိုက်ပါ။ ဒါဆိုရင်တော့ စက္ကန့်ပိုင်းအတွင်း အလွယ်တကူအခွံခွာလို့ရပါပြီ။

ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ ဘူးသီးတို့ကို အလွယ်တကူလှီးဖြတ်ချင်တယ်ဆိုရင်

ထိုအသီးကို ဓားရာ နှစ်ချက်၊ သုံးချက်ပေးလိုက်ပါ။ ထို့နောက် Microwave ထဲမှာ တစ်မိနစ်၊ တစ်မိနစ်ခွဲခန့် ထည့်ထားလိုက်ပါ။ အချိန်ပြည့်တဲ့အခါ Microwave ထဲက ထုတ်လိုက်ပါ။ ဒါဆိုရင်တော့ အားစိုက်ထုတ်စရာမလိုဘဲ အလွယ်တကူလှီးဖြတ်လို့ရပါပြီ။

ပင်စိမ်းရွက်ထည့်တဲ့အခါ ထိုပင်စိမ်းရွက်ကို မွှေသင့်သလား။

ပင်စိမ်းရွက်ကို လိုတာထက်ပိုပြီး မွှေပစ်လိုက်မယ်ဆိုရင်တော့ သင့်ရဲ့အချိုရည်က ခါးသက်သက်အရသာ ခံစားရနိုင်ပါတယ်။

ကီဝီသီးကို အလွယ်တကူအခွံခွာချင်တယ်ဆိုရင်

ကီဝီသီးရဲ့ဘေးအစွန်းနှစ်ဖက်ကို လှီးဖြတ်လိုက်ပါ။ ထို့နောက် ဇွန်းကို ကီဝီသီးရဲ့အခွံနဲ့ အသားကြားညှပ်ပြီးနောက် အသားကို ဇွန်းနဲ့အသာအယာဆွဲထုတ်လိုက်ပါ။

ဂျင်းတုံးကို အခွံခွာတဲ့အခါ ဘာ့ကြောင့် ဓားနဲ့အခွံမခွာသင့်တာလဲ

ဓားနဲ့ အခွံခွာမယ်ဆိုရင် ဂျင်းရဲ့အသားတွေ အများကြီးပဲ့ပါသွားနိုင်တာကြောင့် ဂျင်းများ အလဟဿပြုန်းတီးသွားနိုင်ပါတယ်။ ဒါ့ကြောင့် ဓားနဲ့အခွံခွာမယ့်အစား ဇွန်းနဲ့ခြစ်ပြီး အခွံခွာပေးလိုက်ပါ။

အာလူးကို အခွံခွာတဲ့အခါ

ရေပိုက်ခေါင်းမှာ ကြွပ်ကြွပ်အိတ်လေး စွပ်ထားလိုက်ပါ။ ထိုကြွပ်ကြွပ်အိတ်ထဲသို့ အာလူးအခွံများ ခွာထည့်လိုက်ပါ။ ဒီလိုခွာထည့်ခြင်းအားဖြင့် ဟင်းချက်ပြုတ်ပြီးတဲ့အခါ သန့်ရှင်းရေးလည်း တစ်ခါတည်းလုပ်ပြီးသွားတာကြောင့် အပိုအလုပ်အနေနဲ့ ထပ်လုပ်စရာမလိုတော့ပါဘူး။

Source: iowagirleats.com