[Unicode]

အားလုံးပဲ မင်္ဂလာပါ။ MyFood Myanmar စာဖတ်ပရိတ်သတ်တို့ရေ…မီးဖိုချောင်အတွင်းဝင်တယ်ဆိုတာဟာ ပြောရင်တော့လွယ်သလောက် တကယ်တမ်းတော့ အချိန်အများကြီးယူရပါတယ်နော်။

အိမ်သားတွေ စားဖို့လည်းချက်ရတယ်၊ တခြားအလုပ်တွေလုပ်ဖို့လည်းရှိတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းလေးတွေက အတိုင်းထက်အလွန်ကို အသုံးဝင်နေမှာပါ။

၁။ ထောပတ်သီးမှည့်မမှည့်ကိုကြည့်ဖို့အတွက် အညှာကိုဖယ်လိုက်ရင် အတွင်းက အရောင်ကို မြင်ရမှာပါ။

၂။ ဟင်းသီးဟင်းရွက်တွေလှီးဖြတ်ချိန်ကို မြန်ဆန်လိုရင်တော့ ပီဇာလှီးဓားကို အသုံးပြုနိုင်ပါတယ်။

၃။ အာလူးတွေကို မြန်မြန်ဆန်ဆန် အချောင်းလေးတွေရအောင် လှီးဖြတ်နိုင်ဖို့အတွက် ပန်းသီးလှီးကိရိယာကို အသုံးပြုပါ။

၄။ ကြက်ဥခေါက်တဲ့အခါ ပန်းကန်စောင်းတွေကိုသုံးခြင်းထက် ပြင်ညီမှာခေါက်ခြင်းက ပိုပြီးလွယ်လွယ်ကူကူ ခွဲနိုင်မှာဖြစ်ပါတယ်။

၅။ ကြက်ဥခွဲလိုက်ရင်းနဲ့ ပန်းကန်ထဲဝင်သွားတဲ့ အခွံစတွေကို ဖယ်ရှားဖို့အတွက် တခြားဘာမှသုံးမနေဘဲ လက်ကိုရေစွတ်ပြီး နှိုက်ထုတ်လိုက်ပါ။

၆။ ကိုယ့်စိတ်တိုင်းကျ ကြက်ဥအနေအထားရဖို့အတွက် ပြုတ်ရန်ကြာချိန်

၇။ ကိုယ်က တဖက်မှာမအားသေးလို့ မီးဖိုပေါ်က အိုးကိုလှည့်မကြည့်နိုင်ချိန်မှာ လျှံကျခြင်း၊ ဝေတာခြင်းမရှိအောင် အိုးပေါ်မှာ ယောင်းမတစ်ချောင်းတင်ထားလိုက်ပါ။

၈။ ကြက်ဥဘဲဥ ပြုတ်ပြီးလို့ အခွံခွာရတာ ခက်တယ်ဆိုရင် ပြုတ်နေချိန်မှာ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ထည့်ထားလိုက်ပါ။ လွယ်လွယ်ကူကူနဲ့ အခွံခွာနိုင်ပါလိမ့်မယ်။

၉။ သရက်သီးကို အလွယ်တကူခွာနိုင်ဖို့အတွက် ခွက်ကို အသုံးပြုနိုင်ပါတယ်။

၁၀။ ငှက်ပျောသီးအညှာကို မီးဖိုချောင်သုံးအပြားနဲ့ ပတ်ထားပေးမယ်ဆိုရင် ငါးရက်ကြာ အထားခံမှာဖြစ်ပါတယ်။

၁၁။ အချိန်ကြာလို့ အာလူးတွေ အညှောင့်မထွက်လာဖို့အတွက် ပန်းသီးတစ်လုံးနဲ့အတူသိမ်းပါ။

၁၂။ ဒါကတော့ အားလုံးသိပြီးသားနည်းလမ်းလေးဖြစ်မှာပါ။ ထောပတ်သီးအစေ့ကို အလွယ်တကူထုတ်နိုင်ရန်အတွက် အစေ့ပေါ်မှာ ဓားစိုက်လိုက်ပြီး အလွယ်ဆွဲဖယ်လိုက်နိုင်ပါတယ်။

၁၃။ ကြက်ဥတွေ ဘယ်လောက်လတ်သေးလဲဆိုတာကို သိလိုပါက ရေထဲထည့်ကြည့်လိုက်ပါ။

Source: www.buzzfeed.com

[Zawgyi]

အားလံုးပဲ မဂၤလာပါ။ MyFood Myanmar စာဖတ္ပရိတ္သတ္တို႕ေရ…မီးဖုိေခ်ာင္အတြင္းဝင္တယ္ဆိုတာဟာ ေျပာရင္ေတာ့လြယ္သေလာက္ တကယ္တမ္းေတာ့ အခ်ိန္အမ်ားႀကီးယူရပါတယ္ေနာ္။

အိမ္သားေတြ စားဖို႕လည္းခ်က္ရတယ္၊ တျခားအလုပ္ေတြလုပ္ဖို႕လည္းရွိတယ္ဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေကာင္းေလးေတြက အတိုင္းထက္အလြန္ကို အသံုးဝင္ေနမွာပါ။

၁။ ေထာပတ္သီးမွည့္မမွည့္ကိုၾကည့္ဖို႕အတြက္ အညွာကိုဖယ္လိုက္ရင္ အတြင္းက အေရာင္ကို ျမင္ရမွာပါ။

၂။ ဟင္းသီးဟင္းရြက္ေတြလွီးျဖတ္ခ်ိန္ကို ျမန္ဆန္လိုရင္ေတာ့ ပီဇာလွီးဓားကို အသံုးျပဳႏိုင္ပါတယ္။

၃။ အာလူးေတြကို ျမန္ျမန္ဆန္ဆန္ အေခ်ာင္းေလးေတြရေအာင္ လွီးျဖတ္ႏိုင္ဖို႕အတြက္ ပန္းသီးလွီးကိရိယာကို အသံုးျပဳပါ။

၄။ ၾကက္ဥေခါက္တဲ့အခါ ပန္းကန္ေစာင္းေတြကိုသံုးျခင္းထက္ ျပင္ညီမွာေခါက္ျခင္းက ပိုၿပီးလြယ္လြယ္ကူကူ ခြဲႏိုင္မွာျဖစ္ပါတယ္။

၅။ ၾကက္ဥခြဲလိုက္ရင္းနဲ႕ ပန္းကန္ထဲဝင္သြားတဲ့ အခြံစေတြကို ဖယ္ရွားဖို႕အတြက္ တျခားဘာမွသံုးမေနဘဲ လက္ကိုေရစြတ္ၿပီး ႏႈိက္ထုတ္လိုက္ပါ။

၆။ ကိုယ့္စိတ္တိုင္းက် ၾကက္ဥအေနအထားရဖို႕အတြက္ ျပဳတ္ရန္ၾကာခ်ိန္

၇။ ကိုယ္က တဖက္မွာမအားေသးလို႕ မီးဖိုေပၚက အိုးကိုလွည့္မၾကည့္ႏိုင္ခ်ိန္မွာ လွ်ံက်ျခင္း၊ ေဝတာျခင္းမရွိေအာင္ အိုးေပၚမွာ ေယာင္းမတစ္ေခ်ာင္းတင္ထားလိုက္ပါ။

၈။ ၾကက္ဥဘဲဥ ျပဳတ္ၿပီးလို႕ အခြံခြာရတာ ခက္တယ္ဆိုရင္ ျပဳတ္ေနခ်ိန္မွာ မုန္႕ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း တစ္ဝက္ေလာက္ထည့္ထားလိုက္ပါ။ လြယ္လြယ္ကူကူနဲ႕ အခြံခြာႏိုင္ပါလိမ့္မယ္။

၉။ သရက္သီးကို အလြယ္တကူခြာႏိုင္ဖို႕အတြက္ ခြက္ကို အသံုးျပဳႏိုင္ပါတယ္။

၁၀။ ငွက္ေပ်ာသီးအညွာကို မီးဖိုေခ်ာင္သံုးအျပားနဲ႕ ပတ္ထားေပးမယ္ဆိုရင္ ငါးရက္ၾကာ အထားခံမွာျဖစ္ပါတယ္။

၁၁။ အခ်ိန္ၾကာလို႕ အာလူးေတြ အေညွာင့္မထြက္လာဖို႕အတြက္ ပန္းသီးတစ္လံုးနဲ႕အတူသိမ္းပါ။

၁၂။ ဒါကေတာ့ အားလံုးသိၿပီးသားနည္းလမ္းေလးျဖစ္မွာပါ။ ေထာပတ္သီးအေစ့ကို အလြယ္တကူထုတ္ႏိုင္ရန္အတြက္ အေစ့ေပၚမွာ ဓားစိုက္လိုက္ၿပီး အလြယ္ဆြဲဖယ္လိုက္ႏိုင္ပါတယ္။

၁၃။ ၾကက္ဥေတြ ဘယ္ေလာက္လတ္ေသးလဲဆိုတာကို သိလိုပါက ေရထဲထည့္ၾကည့္လိုက္ပါ။

Source: www.buzzfeed.com