အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဝက်သား (၃)ထပ်သားကို နူးနူးအိအိလေး ပေါင်းစားကြရအောင်ပါ။
ပါဝင်ပစ္စည်း
- ဝက်သား (၃) ထပ်သား ၁ ကီလီဂရမ်
- ကြက်သွန်နီ ၁ လုံး
- ပန်းသီး ၁ လုံး
- ကြက်သွန်မြိတ် ၂ ချောင်း
- ဂျင်း အနည်းငယ်
Source: A Drunken Duck
- ကြက်သွန်နီ အနည်းငယ်
- ငရုတ်ကောင်းမှုန့်အနည်းငယ်
- ပဲပုပ်အနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ဆားအနည်းငယ်
- ဝိုင်ဖြူ အနည်းငယ်
- ရေ ၈ ခွက်ခန့်
အရံအဖြစ်တွဲစားမယ့် ပါဝင်ပစ္စည်းများ
- ဆလတ်ရွက်
- သခွားသီး
- ငရုတ်သီး
- ကင်မ်ချီသုပ်
- မုန်လာဥနီ နဲ့မိမိနှစ်သက်ရာ ဆော့လ်
ပြုလုပ်နည်း
အရင်ဆုံး ဝက်သား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပန်းသီး၊ ကြက်သွန်မြိတ် ၊ ဆား၊ ပဲငံပြာရည်၊ပပြုပ်အနှစ်၊ ဂျင်း၊ ငရုတ်ကောင်းမှုန့်၊ ဝိုင်ဖြူ နဲ့ရေတို့ကို အတူတကွထည့်လိုက်ပြီး ပြုတ်ပေးလိုက်ပါ။
ရေ ခမ်းသွားရင် ထပ်ထည့်လိုက်ပါ။ ၁နာရီလောက် နူးအောင်ပြုတ်ပြီး အသားတွေကို ဆယ်ပေးလိုက်ပါ။
ပြီးရင်ခပ်ပါးပါးလေးလှီးပေးလိုက်ပါ။
အဲဒီနောက် ဆလတ်ရွက်ထဲ ထည့်၊ အရံဟင်းတွေထည့်ပြီး သုံးဆောင်နိုင်ပါတယ်။
Source: www.mykoreankitchen.com
By: MyFood Myanmar