အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဝက်သား (၃)ထပ်သားကို နူးနူးအိအိလေး ပေါင်းစားကြရအောင်ပါ။

ပါဝင်ပစ္စည်း

  • ဝက်သား (၃) ထပ်သား ၁ ကီလီဂရမ်
  • ကြက်သွန်နီ ၁ လုံး
  • ပန်းသီး ၁ လုံး
  • ကြက်သွန်မြိတ် ၂ ချောင်း
  • ဂျင်း အနည်းငယ်

Source: A Drunken Duck

  • ကြက်သွန်နီ အနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ပဲပုပ်အနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားအနည်းငယ်
  • ဝိုင်ဖြူ အနည်းငယ်
  • ရေ ၈ ခွက်ခန့်

အရံအဖြစ်တွဲစားမယ့် ပါဝင်ပစ္စည်းများ

  • ဆလတ်ရွက်
  • သခွားသီး
  • ငရုတ်သီး
  • ကင်မ်ချီသုပ်
  • မုန်လာဥနီ နဲ့မိမိနှစ်သက်ရာ ဆော့လ်

ပြုလုပ်နည်း

အရင်ဆုံး ဝက်သား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပန်းသီး၊ ကြက်သွန်မြိတ် ၊ ဆား၊ ပဲငံပြာရည်၊ပပြုပ်အနှစ်၊ ဂျင်း၊ ငရုတ်ကောင်းမှုန့်၊ ဝိုင်ဖြူ နဲ့ရေတို့ကို အတူတကွထည့်လိုက်ပြီး ပြုတ်ပေးလိုက်ပါ။

ရေ ခမ်းသွားရင် ထပ်ထည့်လိုက်ပါ။ ၁နာရီလောက် နူးအောင်ပြုတ်ပြီး အသားတွေကို ဆယ်ပေးလိုက်ပါ။

ပြီးရင်ခပ်ပါးပါးလေးလှီးပေးလိုက်ပါ။

အဲဒီနောက် ဆလတ်ရွက်ထဲ ထည့်၊ အရံဟင်းတွေထည့်ပြီး သုံးဆောင်နိုင်ပါတယ်။

Source: www.mykoreankitchen.com

By: MyFood Myanmar