တစ်ပတ်လုံး အလုပ်လုပ်နေရတော့ အလုပ်ပိတ်ရက်လေးမှာ ဘယ်မှ မသွားချင်တော့ဘဲ အိမ်တွင်းအောင်းချင်တဲ့ စိတ်လေးဖြစ်နေမှာပါ။

ဒီလို အခြေအနေမျိုးမှာ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်လေးကို ၀ိုင်လေးသောက်ပြီးကြည့်ရရင် အရမ်းကို ပြည့်စုံသွားမှာပါ။

အဲ့ ၀ိုင်ချည်းဘဲ သောက်ရင်လည်း အရသာက ကောင်းမှာမဟုတ်ပါဘူး။ အစားအစာတစ်ခုခုနဲ့ တွဲစားမှ ကောင်းမှာပေါ့နော်။

မာလာအရသာနဲ့ ထုတ်လုပ်ထားတဲ့ မာလာမွှေး ကြက်သားမျှင်အထုပ်လေး အိမ်မှာ ၀ယ်ထားလိုက်ရုံပါ။

ပြီးပြည့်စုံတဲ့ ရုံးပိတ်ရက်လေးမှာ၊ မာလာမွှေးကြက်သားမျှင်လေးကို ၀ိုင်လေးနဲ့ မြည်းရင်း ကိုယ်ကြိုက်တဲ့ ရုပ်ရှင်လေးကြည့်ရင်း စိတ်ဖိစီးမှုတွေကို ငွေကုန်ကြေးကျသက်သာစွာနဲ့ ဖြေဖျောက်လို့ရပါတယ်။

ကြက်သားလေးကို အမျှင်လေးတွေနဲ့မာလာ အနံ့လေးသင်းနေတာကြောင့် စပ်စပ်လေးနဲ့ချိုစိမ့်လေး အရသာကို ခံစားရမှာပါ။

တစ်ထုပ်မှာလည်း မာလာမွှေးကြက်သားမျှင်လေးတွေ အများကြီးပါတာကြောင့် မကုန်ရင်လည်း အထုပ်လေးကို ပြန်ပိတ်ပြီး ရေခဲသေတ္တာထဲထည့်ထားလိုက်ရုံပါဘဲ။

အထုပ်က လေလုံအိတ်ဖြစ်တာကြောင့် အနံ့အသက်တွေ ရေခဲသေတ္တာထဲမှာ ပျံ့နေမှာမဟုတ်တဲ့အပြင် ရေခဲသေတ္တာထဲထည့်ထားရင် ရက် ၆၀ လောက်အထားခံတယ်နော်။

အချိုမှုန့်ကြောက်တဲ့သူတွေ၊ ဆီမသန့်မှာ စိုးရိမ်သူတွေကလည်း မာလာမွှေး ကြက်သားမျှင်ကို ယုံကြည်စိတ်ချစွာ စာသုံးလို့ရပါတယ်။ အချိုမှုန့် နဲ့ ကြာရှည်ခံဓာတု ဆေးဝါးတွေမထည့်ထားတဲ့အပြင် ဆီသန့်သန့်နဲ့ သန့်ရှင်း သပ်ရပ်စွာ ကြော်ထားတာပါ။

ရပ်ဝေးတွေ သယ်ပို့တဲ့နေရာလည်း ဆီတွေမဖိတ်အောင်၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် လေစုပ်အိတ်လေးနဲ့ စတိုင်ကျကျ ထုပ်ပိုးထားတယ်နော်။

100 g ၁ ထုပ်ကို ၃ ထောင်ကျပ်တည်းနဲ့ MyFood Myanmar Facebook Shop ကနေ တစ်ဆင့် ၀ယ်ယူလို့ရနေပါပြီ။