Starbucks ကော်ဖီဆိုင်က တစ်ကမ္ဘာလုံးမှာ ဆိုင်ခွဲပေါင်း ၂ သောင်းကျော်ရှိနေပါတယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ Starbucks ကော်ဖီဆိုင်တွေရှိနေပါတယ်။

Starbucks ကော်ဖီဆိုင်လေးတွေရဲ့အပြင်အဆင်က တည်ရှိနေတဲ့ နိုင်ငံရဲ့ အငွေ့အသက်တွေပါအောင် ပြင်ဆင်ထားလေ့ရှိပါတယ်။

အဲ့ဒီအထဲက ၁၀ နိုင်ငံမှာရှိတဲ့ Starbucks ကော်ဖီဆိုင် ပုံရိပ်တွေကို ဝေမျှချင်ပါတယ်။

တရုတ်နိုင်ငံ၊ Fuzhou မှာရှိတဲ့ Starbucks ကော်ဖီဆိုင်

ဒီ Starbucks ကော်ဖီဆိုင်က Song မင်းဆက်တုန်းက အသုံးပြုခဲ့တဲ့ ပုံစံအတိုင်း ကော်ဖီဆိုင်လေးကို ပြင်ဆင်ထားပါတယ်။

ဒူဘိုင်းမြို့မှာရှိတဲ့ Starbucks

ဒူဘိုင်းမြို့က အငွေ့အသက်အတိုင်း ခမ်းခမ်းနားနားဖြစ်အောင် ခေါင်မိုးတွေအမြင့်ကြီးတွေ၊ မီးဆိုင်းကြီးတွေ အကြီးကြီးတွေ နဲ့ နန်းတော်ကြီးလို ပြင်ဆင်ထားတာပါ။

ကော်ရိုလာဒို ပြည်နယ်၊ Denver မြို့ မှာရှိတဲ့ Starbucks

စတုရန်းပေ ၅၀၀ ကျယ်ဝန်းပြီး Leather ထိုင်ခုံ၊ Laptop အားသွင်းပေါက်တွေ မပေးထားတဲ့ အချင်းချင်း ရင်းနှီးစွာ စကားပြောဖို့ ဖန်တီးပေးထားတဲ့ နေရာလေးပါ။

ဟော်လန်နိုင်ငံ၊ Amsterdam က Starbucks

စွန့်ပစ်ပစ္စည်းတွေနဲ့သုံးပြီး အလှဆင်ထားတဲ့ ဆိုင်လေးပါ။

ဘာလီမြို့မှာရှိတဲ့ Starbucks

တရုတ်နိုင်ငံ၊ Xian မှာရှိတဲ့ Starbucks

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ Starbucks

ဝါရှင်တန်မှာရှိနေတဲ့ Starbucks

ဆွစ်ဇာလန်နိုင်ငံ၊ Zurich မြို့မှာရှိတဲ့ Starbucks

စိတ်ဝင်စားဖွယ်ကောင်းတဲ့ ကမ္ဘာအနှံ့အပြားက Starbucks ကော်ဖီဆိုင်များ

ဂျပန်နိုင်ငံ၊ Dazaifu မှာ ရှိတဲ့ Starbucks