လည်ပင်းနာတာရဲ့ ၈၀ ရာခိုင်နှုန်းက ဗားရက်စ်တွေကြောင့်ဖြစ်ပါတယ်။ အအေးမိတာနဲ့တုပ်ကွေးတွေကြောင့်လည်း လည်ပင်းနာတတ်ပါတယ်။

လက္ခဏာများ

  • ရောင်ရမ်းခြင်း
  • အသံမထွက်ခြင်း
  • ချောင်းဆိုးခြင်း
  • ဖျားနာခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • အစာမြိုချရင် နာကျင်ခြင်း
  • လည်ပင်းမှာ အဖြူအစက် သို့မဟုတ် အဝါရောင်အစက်တွေဖြစ်နေခြင်း

ဘယ်လိုကုသမလဲ

လည်ပင်းနာတွေက ဗားရက်စ်ကနေဖြစ်တာကြောင့် Antibioticတွေသောက်ဖို့ လိုအပ်ပါတယ်။

အဲ့ဒီအပြင် အရည်တွေများများသောက်ဖို့လည်းလိုအပ်ပါတယ်။ အရမ်းနာကျင်နေရင် Pain Relievers တွေသောက်ဖို့လိုပါတယ်။

Antibiotic တွေက ဘေးထွက်ဆိုးကျိုးများတာကြောင့် ကိုယ့်ဘာသာ ဆေးဝယ်သောက်တာထက် ဆရာဝန်နဲ့ ပြသတာဟာ အကောင်းဆုံးပါဘဲ။

သဘာဝနည်းလမ်းဖြင့် လည်ပင်းနာတာကို ကုသချင်ရင်

ဒီလို သဘာဝနည်းလမ်းတွေက အရမ်းမပြင်းထန်တဲ့ လည်ပင်းနာတာမျိုးကိုတော့ ပျောက်ကင်းနိုင်ပါတယ်။

ပန်းသီးရှာလကာရည်နဲ့ပျားရည်

ပန်းသီးရှာလကာရည်က pH အဆင့်ကို နိမ့်စေပြီး လည်ပင်းထဲက ပိုးမွှားတွေကို ဖယ်ရှားပေးနိုငပါတယ်။ ပျားရည်ကလည်း ပိုးမွှားတွေကို ဖယ်ရှားရာမှာအကောင်းဆုံးပါဘဲ။

ပါဝင်ပစ္စည်းများ

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

သံပုရာသီး တစ်လုံးရဲ့တစ်ဝက်

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ရေ တစ်ခွက် (125 ml)

ပြုလုပ်နည်း

ရေကိုဆူအောင်လုပ်ပါ။ ပန်းသီးရှာလကာရည်နဲ့ သံပုရာသီးကိုထည့်ပါ။ ပျားရည်ကိုလောင်းထည့်ပြီး မွှေပါ။

ထမင်းစားပြီးတိုင်း တစ်ခွက်သောက်ရင် ချောင်းဆိုးတာနဲ့ နာကျင်တာကို သက်သာစေပါတယ်။

သံပုရာသီး

သံပုရာသီးမှာ သဘာ၀ ပိုးမွှားတွေကိုဖယ်ရှားပေးနိုင်တဲ့ ဓာတ်တွေပါဝင်ပြီး ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်ပြီး ရောဂါကိုတိုက်ထုတ်ပေးနိုင်တဲ့ ဗီတာမင်စီတွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

ပါဝင်ပစ္စည်းများ

သံပုရာသီး ၄ လုံး

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

သံပုရာသီးကို မီးအေးအေးပေါ်တင်ပါ။ ပြီးရင် ပျားရည်ထဲကို သံပုရာသီးညှစ်ထည့်ပါ။ သေချာမွှေပြီး သောက်ပါ။ တစ်နေ့ကို ၂ခါလောက် သောက်ပါ။