အားလုံးပဲမင်္ဂလာပါနော်။ ကိုရီးယား ပဲခေါက်ဆွဲကို အသီးအရွက်တွေ စုံစုံလင်လင်နဲ့ လုပ်စားလို့ရအောင် မျှဝေပေးချင်ပါတယ်။ ပူပူနွေးနွေးလေး ချက်စားမယ်ဆိုရင်တော့ အရမ်းအရသာရှိပါတယ်။ စာဖတ်သူတို့လည်း ရင်းနှီးပြီးသားဖြစ်တယ်။ ကိုရီးယား ဇာတ်ကားတွေမှာလည်း အမြဲမြင်တွေ့ရလေ့ရှိတဲ့ ပဲခေါက်ဆွဲလေးကို အိမ်မှာပဲ အလွယ်တကူ ချက်စားကြမယ်နော်။
ပါဝင်ပစ္စည်း
- ခေါက်ဆွဲ (မိမိနှစ်သက်ရာသုံးနိုင်ပါတယ်။)
 - ပဲအနှစ်ထုပ် စားပွဲတင်ဇွန်း ၆ ဇွန်း
 - ဆီ အနည်းငယ်
 - သကြားအနည်းငယ်
 - ကမာဆော့စ် အနည်းငယ်
 
- ဝက်သား (သို့) ကြက်သားအနည်းငယ်
 - ဂျင်း တောက်တောက်စဉ်းအနည်းငယ်
 - ဂေါ်ဖီထုပ်အနည်းငယ်
 - မုန်လာဥနီ အနည်းငယ်
 - ကြက်သွန်နီ အနည်းငယ်
 
Source: rumahmesin.com
- သခွားသီးအနည်းငယ်
 - ရေ
 - ပြောင်းဖူးကော်မှုန့်အနည်းငယ် (ရေနဲ့ဖျော်ထားလိုက်ပါ)
 - ဆား၊ ငရုတ်ကောင်းမှုန့်
 
ပြုလုပ်နည်း
အရင်ဆုံး အသားနဲ့ အသီးအရွက်တွေကို ပြင်ဆင်လိုက်ပါ။
အဲဒီနောက် ဆီကိုအပူပေးပြီး ကမာဆော့စ်၊ ငရုတ်ကောင်းမှုန့်၊ ဆား တို့ကို ရောလိုက်ပါ။
အသားနဲ့ အသီးရွက်တွေကို ထည့်ကြော်လိုက်ပါ။
အဲဒီနောက် ပဲအနှစ်၊ သကြား၊ ပဲငံပြာရည်တို့ကို ထည့်လိုက်ပါ။ သေချာမွှေပေးလိုက်ပြီး ရေနည်းနည်းထည့်လိုက်ပါ။
နူးသွားပြီဆိုရင် မီးဖိုပေါ်ကချလိုက်ပါ။
ခေါက်ဆွဲနူးအောင် ရေနည်းနည်းထည့်ပြီး ပြုတ်လိုက်ပါ။ ရပြီဆို ရေအေးအေးနဲ့ ဆေးလိုက်ပြီး အအေးခံထားပါ။
အဲဒီနောက် ပဲအနှစ်နဲ့ ခေါက်ဆွဲရောပြီး သုံးဆောင်လို့ရပါပြီနော်။
Source: www.koreanbapsang.com
By: MyFood Myanmar
											
				







