အားလုံးပဲမင်္ဂလာပါနော်။ စာဖတ်သူတို့ထဲမှာအကြော်ကြိုက်တဲ့သူတွေရှိကြမယ်လို့ မျှော်လင့်ပါတယ်။ ကြက်သွန်နီကို ရိုးရိုးကြော်တာမဟုတ်ဘဲ ကြက်သွန်နီ ခပ်ပါးပါးလေးလှီးပြီး ကြော်လို့ရမယ့် နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။
မွကြော် ကြွပ်ကြွပ်ရွရွလေးဆိုတော့ ဒီအတိုင်းစားစား ထမင်းနဲ့စားစား အရမ်းအရသာရှိပါတယ်။
ပြုလုပ်နည်း
အရင်ဆုံး ကြက်သွန်နီလေးတွေကို ခပ်းပါးပါးလှီးလိုက်ပါ။
ငရုတ်သီးနဲ့ နံနံပင်ကိုပါ တောက်တောက်စဉ်းလိုက်ပါ။
အကြော်မုန့်ထဲကို ဆား ထည့်ပါ။
ငရုတ်သီးမှုန့် နည်းနည်းထည့်ပါ။ ရေနည်းနည်းထည့်ပြီး ခပ်ပျစ်ပျစ် ရောလိုက်ပါ။
အဲဒီနောက် ကြက်သွန်နီနဲ့ တခြားပါဝင်ပစ္စည်းတွေကိုပါ ရောလိုက်ပါမယ်။
ဆီကို အပူပေးပြီး ကြွပ်ကြွပ်ရွရွလေး ကြော်လိုက်ရုံပါပဲ။
စားမယ်ဆို ဆီကို သေချာဆစ်ပြီး စားပေးပါနော်။
Source: www.tasty-indian-recipes.com
BY: MyFood Myanmar









