အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အသားလုံး ကြက်ဥကပ်ကြော် ပြုလုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
စားရတာလည်း အရသာရှိပြီးထမင်းနဲ့စားလို့လည်းအဆင်ပြေတယ်။ ဒီအတိုင်းစားချင်ရင်လည်း အဆင်ပြေတဲ့ အသားလုံး ကြက်ဥကြော်ဖြစ်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးသွားပါမယ်နော်။
ပါဝင်ပစ္စည်း
- အမဲသား တောက်တောက်စဉ်း ၁၀ ကျပ်သား
- တို့ဖူး အနည်းငယ်
- ကြက်သွန်နီအနည်းငယ်
- မုန်လာဥနီအနည်းငယ်
- ကြက်သွန်မြိတ်အနည်းငယ်
- ကြက်ဥ ၃ လုံး
- ဆား၊ ငရုတ်ကောင်းမှုန့်
- ဂျူံမှုန့် ခွက်တစ်ဝက်
- ဆီ
ပြုလုပ်နည်း
ကြက်သွန်နီ၊ တို့ဖူး၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်တို့ကို တောက်တောက်စဉ်းလိုက်ပါ။
ဆား ငရုတ်ကောင်းမှုန့် ၊ အသားတောက်တောက်စဉ်းတို့ နဲ့ ရောပြီးနယ်လိုက်ပါ။
အသားကို လုံးလိုက်ပါ။ မိမိနှစ်သက်တဲ့ ပုံသဏ္ဍန်းမျိုးလုံးနိုင်ပါတယ်။
ပြီးရင် ဂျူံမှုန့် လူးလိုက်ပြီး ကြက်ဥနှစ်လိုက်ပါ။
ပြီးရင် ကြော်ပေးလိုက်ရုံပါပဲ။
Source: www.koreanbapsang.com
By: MyFood Myanmar