အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အသားလုံး ကြက်ဥကပ်ကြော် ပြုလုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

စားရတာလည်း အရသာရှိပြီးထမင်းနဲ့စားလို့လည်းအဆင်ပြေတယ်။ ဒီအတိုင်းစားချင်ရင်လည်း အဆင်ပြေတဲ့ အသားလုံး ကြက်ဥကြော်ဖြစ်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးသွားပါမယ်နော်။

ပါဝင်ပစ္စည်း

  • အမဲသား တောက်တောက်စဉ်း ၁၀ ကျပ်သား
  • တို့ဖူး အနည်းငယ်
  • ကြက်သွန်နီအနည်းငယ်
  • မုန်လာဥနီအနည်းငယ်

  • ကြက်သွန်မြိတ်အနည်းငယ်
  • ကြက်ဥ ၃ လုံး
  • ဆား၊ ငရုတ်ကောင်းမှုန့်
  • ဂျူံမှုန့် ခွက်တစ်ဝက်
  • ဆီ

ပြုလုပ်နည်း

ကြက်သွန်နီ၊ တို့ဖူး၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်တို့ကို တောက်တောက်စဉ်းလိုက်ပါ။

ဆား ငရုတ်ကောင်းမှုန့် ၊ အသားတောက်တောက်စဉ်းတို့ နဲ့ ရောပြီးနယ်လိုက်ပါ။

အသားကို လုံးလိုက်ပါ။ မိမိနှစ်သက်တဲ့ ပုံသဏ္ဍန်းမျိုးလုံးနိုင်ပါတယ်။

ပြီးရင် ဂျူံမှုန့် လူးလိုက်ပြီး ကြက်ဥနှစ်လိုက်ပါ။

ပြီးရင် ကြော်ပေးလိုက်ရုံပါပဲ။

Source: www.koreanbapsang.com

By: MyFood Myanmar